M-ပိုက်ဆံအကြောင်း သိကောင်းစရာအချို့နဲ့ ရင်ခုန်စရာအထူးအစီအစဉ်များ

M1.jpeg

ဒီတစ်ခေါက်မှာတော့ ရိုးရာလေးပရိသတ်တွေအတွက် အသုံးပြုရလွယ်ကူပြီး ပိုက်ဆံတွေ အများကြီး အိတ်ထဲထည့်သွားစရာမလိုတော့အောင် အသုံးပြုရအဆင်ပြေစေမယ့် ဒစ်ဂျစ်တယ် ပိုက်ဆံတစ်မျိုးနဲ့ မိတ်ဆက်ပေးသွားမှာပါ။

ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ တွင်တွင်ကျယ်ကျယ်ခေတ်စားလာပြီဖြစ်တဲ့ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် (Digital wallet) အကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။

ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် (Digital Wallet) ဆိုတာ ဘာလဲ။

ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) ဆိုတာဟာ ငွေပေးချေမှုအများစုကို အွန်လိုင်းကနေ ပြုလုပ်လာကြတဲ့အခါမှာ ကိုယ့်ရဲ့ပိုက်ဆံတွေကို အွန်လိုင်းအကောင့်တစ်ခုမှာ သိမ်းဆည်းထားပြီး ထိုကနေတဆင့် ငွေပေးချေမှုအားလုံးကို ပြုလုပ်တာဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်တွေက အများကြီးရှိပြီး သိသာတာတွေက ပိုက်ဆံအထပ်လိုက်ကို သွားလေရာ သယ်ဆောင်သွားစရာမလိုတာ၊ အပြင်မှာ လူတန်းစီပြီးပေးရမယ့် ငွေရှင်းတာမျိုးတွေကို အွန်လိုင်းမှာ ခလုတ်တစ်ချက်နှစ်ချက် နှိပ်ရုံနဲ့ ပြီးသွားတာတို့ပါပဲ။

တစ်ကိုယ်ရေသုံးမဟုတ်ဘဲ တစ်ခြားလူတစ်ယောက်ကို ငွေလွှဲပေးချင်တဲ့အခါမျိုးမှာလည်း ဘဏ်တွေ သွားစရာမလို၊ ပိုက်ဆံထုတ်လှမ်းပို့စရာမလိုပဲနဲ့ အွန်လိုင်းပေါ်ကနေ လျှင်မြန်စွာ ပို့ပေးနိုင်တာကလည်း အဓိက အားသာချက်တစ်ခုဖြစ်ပါတယ်။ ကဲ.. M-ပိုက်ဆံ အကြောင်းကို ဆက်သွားကြည့်ကြရအောင်။

မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ပိုက်ဆံ တစ်ခု ဖြစ်တဲ့ M-ပိုက်ဆံ

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အော်ပရေတာတစ်ခုဖြစ်တဲ့ Ooredoo ဟာ M-ပိုက်ဆံ နဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုကဏ္ဍထဲကို ထိုးဖောက်လာပြီဖြစ်ပါတယ်။ အဆိုပါ M-ပိုက်ဆံ အက်ပလီကေးရှင်းကို Android ဖုန်းတွေနဲ့ အိုင်ဖုန်းတွေမှာ အလွယ်တကူ ရယူနိုင်ပြီး Register လုပ်ပြီးတာနဲ့ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ M-ပိုက်ဆံ မှာတော့ Ooredoo ဆင်းကတ်ကနေတဆင့် ကိုယ့်ရဲ့ ငွေသားလွှဲပြောင်းပေးပို့မှုတွေကို အတည်ပြုပေးရမှာဖြစ်လို့ လုံခြုံမှုရှိတဲ့ စိတ်ချရတဲ့ ဒစ်ဂျစ်တယ် wallet တစ်ခုပါပဲ။ သူ့ရဲ့အဓိက လုပ်ငန်းတွေက ငွေသားလက်ခံခြင်း၊ ပေးပို့လွှဲပြောင်းခြင်း၊ ထုတ်ယူခြင်းနဲ့ မိုဘိုင်းဘဏ် ဝန်ဆောင်မှုစနစ် ဖြစ်ပါတယ်။

လက်ရှိမှာ ဘယ်လို အထူး အစီအစဉ်တွေရှိနေလဲ

အခု M-ပိုက်ဆံမှာ အထူးအစီအစဉ်တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ M-ပိုက်ဆံသုံးရင်း ငွေသားဆုတွေရမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်ပါပဲ။ ငွေသွင်း၊ငွေထုတ်၊ ငွေလွှဲ၊ ငွေပေးချေခြင်းနှင့် CB ဘဏ်အကောင့်မှ M-ပိုက်ဆံအကောင့်သို့ငွေလွှဲခြင်း အစရှိတဲ့ M-ပိုက်ဆံ ဝန်ဆောင်မှုတွေထဲက တစ်ခုခုကို အသုံးပြုထားတာနဲ့ သိန်း ၅၄၀ ကျပ်တန်ဖိုးရှိ ဆုငွေ ၂,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ် အထိ ပါဝင်တဲ့ နေ့စဉ်၊ အပတ်စဉ်ဆုတွေကိုကံစမ်းခွင့်ရရှိမှာပါ။ နေ့စဉ်ဆုမှာဆိုရင် ကျပ် ၅၀,၀၀၀ ဆု အယောက် ၂၀၊ ကျပ် ၁၀,၀၀၀ ဆု အယောက် ၃၀ ကျပ် ၅,၀၀၀ ဆု အယောက် ၅၀၊ ကျပ် ၂,၀၀၀ ဆု အယောက် ၁၀၀ ပါဝင်မှာ ဖြစ်ပြီး အပတ်စဉ် ၅၀၀,၀၀၀ ကျပ် အတွက် ကံထူးရှင်တစ်ယောက်စီ ရွေးချယ်ပေးသွားမှာပါ။ ၂၀၁၇ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၂၀၁၈ ဇန်နဝါရီ ၁၂ ရက်နေ့ အထိ ရက် ၃၀တောင်ကြာမြင့်မယ့် အစီအစဉ်ကောင်းတစ်ခု ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top