ဘ၀နေဝင်ချိန်နီး မိဘတွေနဲ့ ဆွေးနွေးသင့်တဲ့ အချက်များ

4-tips-for-having-the-talk-with-your-parents.jpg

သင့်ရဲ့ ဘဝမှာ လေးလေးနက်နက် တိုင်ပင်စရာရှိတဲ့အခါ မိဘတွေကကူညီပြီး ဝိုင်းဝန်းဖြေရှင်းပေးခဲ့တဲ့ အချိန်တွေ သင်ကြုံဖူးမှာပါ။ ဘယ်လောက် ခက်ခဲနက်နဲပါစေ မိဘက အမြဲတမ်းကိုယ့်အတွက် ဝိုင်းဝန်း အဖြေရှာပေးမှာပါ။ အလားတူပဲ မိဘတွေရဲ့ ဘ၀နေဝင်ခါနီးလေးမှာ သူတို့နောက်ဆုံး ဆန္ဒလေးတွေကို အလေးအနက်ထားပြီး သင်က ဆွေးနွေးပေးသင့်တာပေါ့။ ဒီအခါမှာ လိုက်နာသင့်တဲ့အချက်တွေ ရှိပါတယ်။

မိဘတွေ ရဲ့ နောက်ဆုံးဆန္ဒကို မေးဖို့ မတုံ့ဆိုင်းပါနဲ့

ဒါကသင့်အတွက် ခက်ခဲမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ခက်ခဲပါစေ ဘယ်လိုနည်းနဲ့မှ ဆွေးနွေးဖို့ မတုံ့ဆိုင်းပါနဲ့။ ကျန်းမာနေတုန်းပဲမို့ မသေခင် ဆန္ဒတွေ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့တော့ မသတ်မှတ်ပါနဲ့။ သေဆုံးခြင်းဆိုတာ ဘဝစက်ဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေလေတော့ မိဘတွေ ဘယ်အချိန် မျက်စိမှိတ် နှုတ်ဆက်သွားမယ် ကိုယ်မသိနိုင်ဘူးလေ။အရမ်းကြီးအလျင်စလို လုပ်ဖို့မလိုသလို နောက်ကျတဲ့ အထိလည်း အချိန်မဆွဲတာ အကောင်းဆုံးပါ။

လွယ်လွယ်ကူကူ စကားဝိုင်းလေးစပါ

မိဘတွေအတွက် ဒီအကြောင်းအရာကို ဖွင့်ပြောတဲ့အခါ ပြောဖို့ အကောင်းဆုံးနေရာ ရွေးနေစရာမလိုပါဘူး။ စကားလမ်းကြောင်းလေး စဖောက်ပြီး သူတို့ရဲ့ မသေခင် ဆန္ဒတွေ မေးလို့ရတဲ့အထိ ဆွဲသွားရုံပါပဲ။ ဥပမာ – နိုင်ငံခြားဆောင်းပါးတစ်ခုမှာ သူ့တို့ဆီက သက်ကြီးရွယ်အိုတွေက မသေခင် နောက်ဆုံး အစီအစဉ်လေးတွေ ဆွဲသွားကြတယ်။ အဖေ၊ အမေတို့မှာရော ဘယ်လို ဆန္ဒလေးတွေရှိလည်းပေါ့။

ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲကပါတဲ့ စကားပြောပါ

ဟာသဥာဏ်လေးနှောပြီး ပြောတတ်ရင်တော့ မလွယ်ဘူးထင်တဲ့ အကြောင်းအရာကိုတောင် ပေါ့ပေါ့ပါးပါးပြောတတ်သွားမှာပါ။ ရင်ထဲကလာတဲ့ စကားမျိုးပြောတတ်ဖို့လည်း လိုတယ်နော်။ကိုယ့်မိဘတွေအတွက်ကိုယ်က အရေးပါတဲ့ ခံစားချက်မျိုး ထုတ်ဖော်ပြတယ်လို့ မိဘက မှတ်ယူသွားအောင်ပြောရင် အကောင်းဆုံးပါပဲ။

ပြောတဲ့အကြောင်းအရာလေးတွေကို မှတ်တမ်းတင်ထားပါ

နောက်ဆုံးထွက်သက် မတိုင်ခင်တည်းက ကြိုတင်စီစဉ်ထားမယ်ဆိုရင် မိသားစုတွင်း ပဋိပက္ခတွေ နည်းမယ်ဆိုတာ မိဘတိုင်း သိထားပြီးသားပါ။ ဒါကြောင့် သူတို့ရဲ့ မှာတမ်းလေးတွေကို သေချာ မှတ်သားထားမှသာလျှင် ကိုယ်ချစ်ရတဲ့ သူတွေကို လေးစားရာရောက်ပြီး စကားလိုက်နာရာလည်း ရောက်မှာပါ။

Ref: readersdigest ; “4 Tips for Having “The Talk” With Your Parents”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top