ဖိလစ်ပိုင် ကမ်းလွန်မှာ လူပေါင်း ၂၅၀ ကျော်တင်ဆောင်လာတဲ့ ကူးတို့သင်္ဘော တိမ်းမှောက်

yyl-new-02.jpg

ဒီဇင်ဘာ ၂၁ ရက်နေ့က ဖိလစ်ပိုင် ကမ်းလွန်ပင်လယ်မှာ လူ ၂၅၁ ဦး တင်ဆောင်လာတဲ့ ကူးတို့တစ်စင်းတိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူသုံးဦး သေဆုံးခဲ့တယ်လို့ Sky news သတင်းဌာနက ဖော်ပြပါတယ်။

ရာသီဥတုဆိုးရွားနေချိန်မှာ ကူးတို့သင်္ဘောက ဝေးလံခေါင်သီတဲ့ ပိုလီလိုကျွန်းကို ဦးတည် ခုတ်မောင်းနေတာဖြစ်ပြီး မနီလာမြို့ အရှေ့ဘက် ၄၃ မိုင် အကွာရှိ Real မြို့ နားမှာ မှောက်ခဲ့တာပါ။ ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာမန်ဘာလီလိုက သေဆုံး၊ ပျောက်ဆုံးသူ ရှိတယ်ဆိုတဲ့ သတင်းကို ကြားရပေမယ့် တိတိကျကျသိအောင် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကူးတို့သင်္ဘော မှောက်ခဲ့တဲ့နေရာမှာ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေနဲ့ ရာသီဥတုဆိုးရွားနေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ဘာလီလိုက ဆိုပါတယ်။ တမ်ဘင်းမုန်တိုင်းကြောင့် ပင်လယ်ပြင်မှာ လှိုင်းကြီးနေလို့ ကယ်ဆယ်ရေးအတွက် အဟန့်တားတွေ ဖြစ်နေတယ်လို့ Sky news သတင်းဌာနက ဖော်ပြပါတယ်။

Ref: Four dead after ferry carrying 251 people capsizes off the Philippines

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top