ပြီးခဲ့တဲ့နှစ်ခရစ်စမတ်ပါတီမှာ အရူးလုပ်ခံရတာကို အခုနှစ်မှာ အကျိုးရှိရှိပြန်အသုံးချလိုက်တဲ့ ရွိုင်ယန်ရေးနိုးဒ်

yyl-017-14.jpg

ပြီးခဲ့တဲ့နှစ်က Deadpool မင်းသား ရွိုင်ယန်ရေးနိုးဒ် (Ryan Reynolds) ဟာ အခုနှစ်ခရစ်စမတ်မှာ ပြန်လည်အမှတ်ရစေတဲ့ အဖြစ်အပျက်တစ်ခုကြုံခဲ့ရပါတယ်။ သူဟာ အရင်နှစ်ခရစ်စမတ်ပါတီမှာ နောက်ပြောင်ကျီစယ်ခံလိုက်ရပါတယ်။

သူ့ရဲ့တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ ဟုဂျက်မန်း (Hugh Jackman) နဲ့ ဂျိတ်ခ်ရယ်လဟူးလဟေး (Jake Gyllenhaal) တို့က ရွိုင်ယန်ကို ခရစ်စမတ်ပါတီကို ဖိတ်ကြားခဲ့ပြီး လူတိုင်းဟာ အဲဒီပွဲမှာ ရုပ်ဆိုးဆိုးမလှတဲ့ဆွယ်တာတွေဝတ်လာလိမ့်မယ်ဆိုပြီး သူ့ကို အရူးလုပ်ခဲ့ကြတာပါ။ ရွိုင်ယန်လည်း ပါတီပွဲရောက်တော့ မလှမပဆွယ်တာကြီးကို ဝတ်လာတာ သူတစ်ယောက်တည်းရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ ရွိုင်ယန်ကို လှည့်စားပြီး နောက်ပြောင်တဲ့နှစ်ယောက်ကတော့ သူ့ကြောင့် ပျော်ရွှင်ရယ်မောခဲ့ရပါတယ်။

အဲဒီတုန်းက ဝတ်ခဲ့တဲ့ မလှမပဆွယ်တာလေးက တစ်နှစ်ကြာသွားတာတောင် အဆုံးသတ်မဟုတ်သေးပါဘူး။ ရွိုင်ယန်က အဲဒီဆွယ်တာလေးရဲ့ဇာတ်လမ်းကို အခုထိမမေ့ဘဲ အမှတ်ရနေတုန်းပါပဲ။ ဒါကြောင့် ရွိုင်ယန်က ဒီဆွယ်တာကို အကျိုးရှိရှိအသုံးချမယ်လို့ အခုနှစ်ခရစ်စမတ်မတိုင်ခင်မှာ ကြေညာခဲ့ပါတယ်။

ရွိုင်ယန်က ဒီဆွယ်တာနဲ့ နာမကျန်းဖြစ်နေတဲ့ ကလေးတွေကို အကူအညီပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ရွိုင်ယန်က SickKids ဖောင်ဒေးရှင်းနဲ့ ပူပေါင်းပြီး နာမကျန်းဖြစ်နေတဲ့ ကလေးတွေဆီ ဒီဆွယ်တာတွေကိုလက်ဆောင်အဖြစ်ပေးပို့ခဲ့ရုံသာမက ရန်ပုံငွေရှာတဲ့နေရာမှာလည်း ပါဝင်ခဲ့ပါတယ်။အခုနှစ်မှာတော့ အဲဒီဆွယ်တာကို ဝတ်ဆင်ထားတာ ဟုဂျက်မန်းပါ။ ရွိုင်ယန်က ဒီဆွယ်တာကို သူ့သူငယ်ချင်း ဟုဂျက်မန်းဝတ်အောင်လည်း အတင်းအကျပ်ဝတ်ခိုင်းထားတဲ့ပုံပါပဲ။

နာမကျန်းဖြစ်နေတဲ့ကလေးတွေကို ကူညီပေးတဲ့အစီအစဉ်နဲ့ပတ်သတ်ပြီး ဗီဒီယိုလေးထွက်ရှိထားပါတယ်။ ဗီဒီယိုထဲမှာ ဖောင်ဒေးရှင်းကို လှူဒါန်းဖို့ လူတွေကို တိုက်တွန်းပြောဆိုထားသလို ခရစ်စမတ်မတိုင်ခင် ပိုက်ဆံများများရအောင်ရှာမယ်လို့လည်း ကတိပေးထားပါတယ်။

Ref: After Being Pranked Into Wearing An Ugly Sweater Last Year, Ryan Reynolds Uses It To Give Back To Kids In Need

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top