တိမ်တွေ ခိုးယူခံနေရတယ်လို့ အီရန်တာဝန်ရှိသူတွေ စွပ်စွဲပြောကြား

sec_198546161.jpg

အီရန်ရဲ့ ကာကွယ်ရေးဌာန အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ဂိုလမ်ရီဇာ ဂျလာလီက သူတို့နိုင်ငံရဲ့ တိမ်တိုက်တွေဟာ ခိုးယူခံနေရတယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် မသင်္ကာ ဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး “ပြည်ပနိုင်ငံတွေရဲ့ နှောင့်ယှက်မှုတွေက အီရန်နိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုအပေါ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတယ်” လို့ ညီလာခံမှာလည်း ပြောကြားခဲ့တာပါ။

အီရန်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ဒါဟာ သေချာပေါက် ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးနဲ့ ဒေသတွင်း အခြားနိုင်ငံတွေဟာ ချိတ်ဆက်ပြီး အီရန်ရဲ့ တိမ်တွေ ဖြစ်မလာနိုင်အောင် ပြုလုပ်နေတယ်လို့ စွပ်စွဲလိုက်တဲ့သဘော ဖြစ်ပါတယ်။

“မီတာ ၂၂၀၀ လောက်အမြင့်ရှိတဲ့ အာဖဂန်နစ္စတန်နဲ့ ကြားတစ်လျှောက် တောင်တန်းတွေပေါ်က ဧရိယာတွေနဲ့ မြေထဲပင်လယ် အကုန်လုံး ဆီးနှင်းတွေ ဖုံးလွှမ်းနေခဲ့ပေမယ့် အီရန်ကတော့ မပါဝင်နေဘူး” လို့ ဗိုလ်ချုပ် ဂျလာလီက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

အီရန်ဟာ မိုးခေါင်မှုကို အချိန်ကြာမြင့်စွာ ခံစားနေရပြီး တစ်ကမ္ဘာလုံး ကျင့်သုံးနေကြတဲ့ အရာတွေက အီရန်အတွက်တော့ မဟုတ်ဘူးလို့ စွပ်စွဲလိုက်ပါသေးတယ်။

သမ္မတဟောင်း မာမွတ် အမာဒါဂျက်ကလည်း အနောက်နိုင်ငံတွေဟာ အီရန်ကို မိုးခေါင်စေဖို့ နည်းပညာအရ တီထွင်ဖန်တီးမှုတွေကို ၂၀၁၁ လောက်ကတည်းက ပြုလုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

Ref : Metro “Iran thinks Israel has been stealing its clouds to cause a drought”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply