28-7-2020-yyl-008.jpg

အီရန်နိုင်ငံမှာ သူလျှိုလုပ်မှုကြောင့် ထောင် ၁၀ နှစ်ကျခံနေရတဲ့ ဗြိတိန်-သြစတြေးလျအမျိုးသမီးကို သဲကန္တာရထဲက ဆိုးရွားတဲ့ အကျဉ်းထောင်ထံ လွှဲပြောင်း

အီရန်နိုင်ငံမှာ သူလျှိုလုပ်တယ်ဆိုတဲ့စွဲချက်ကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ဗြိတိန်နွှယ်ဖွား သြစတြေးလျနိုင်ငံသူကို သဲကန္တာရထဲမှာရှိတဲ့ ဆိုးသွမ်းတဲ့ အကျဉ်းထောင်ဆီ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ အီရန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွက ပြောပါတယ်။ မဲလ်ဘုန်းတက္ကသိုလ်မှာ စာပို့ချတဲ့ ခိုင်လီမိုးဂီဘတ်ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းက…

3-7-2020-yyl-003.jpg

အီရန်နိုင်ငံရဲ့ နျူကလီးယား စွမ်းအင်စက်ရုံ ဝင်းထဲက အဆောက်အအုံ တစ်လုံး မီးလောင်

အီရန်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင် စက်ရုံဝင်းထဲက အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့ပေမဲ့ သေဆုံးသူမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်ပိုင်းက မီးလောင်ခဲ့တာပါ။ အီရန်အဏုမြူစွမ်းအင် အဖွဲ့အစည်း(IAEO)က ဝေမျှထားတဲ့ဓာတ်ပုံအရ အဆောက်အအုံခေါင်မိုး မီးကျွမ်းနေပြီး တံခါးတွေ ကျိုးကြေ၊ ပြတင်းပေါက်တွေ ကွဲထွက်နေတာ တွေ့ရပါတယ်။ အဲဒီအဆောက်အအုံဟာ…

yyl-006-1.jpg

အီရန်နိုင်ငံမှာ Covid-19 ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ အကျဉ်းသား ၅၄,၀၀၀ ကို ယာယီလွှတ်ပေး

လူအပြည့်အသိပ်ရှိနေတဲ့ အကျဉ်းထောင်တွေထဲမှာ Covid-19(ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့အတွက် အီရန်နိုင်ငံက အကျဉ်းသား ၅၄,၀၀၀ ကျော်ကို ယာယီလွှတ်ပေးခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ရာမှာ Covid-19 ကူးစက်ခံရခြင်းမရှိတဲ့ အကျဉ်းသားတွေကို အာမခံကြေး ပေးခိုင်းပြီး အကျဉ်းထောင်ကနေ ယာယီလွှတ်ပေးခဲ့တာလို့ တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစမိုင်လီက…

yyl-010.jpg

ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုမှာ သေဆုံးခဲ့သူတွေအတွက် အီရန်နိုင်ငံကမ်းလှမ်းတဲ့နစ်နာကြေးကို ယူကရိန်း မကျေနပ်

ခရီးသည်တင်လေယာဉ် ပစ်ချခံရလို့ သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုအတွက် အီရန်နိုင်ငံက ကမ်းလှမ်းတဲ့ နစ်နာကြေးကို မကျေနပ်နိုင်ဘူးလို့ ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောပါတယ်။ ဇန်နဝါရီလ ၈ ရက်မှာ တီဟီရန်မြို့ကနေ ကိဗ်မြို့ကို ဦးတည်ပျံသန်းမယ့် ယူကရိန်းခရီးသည်တင်လေယာဉ်ကို လေဆိပ်ကနေ ပျံတက်ပြီးမကြာခင်အချိန်အတွင်း…

yyl-006-12.jpg

အီရန်နိုင်ငံရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုမှာ ဦးနှောက်ဒဏ်ရာရခဲ့တဲ့ အမေရိကန်စစ်သည် ၁၁ ဦးရဲ့ အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ဒေါ်နယ်ထရမ့် ပြော

အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်လေတပ်စခန်းတွေကို အီရန်နိုင်ငံက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဦးနှောက်ဒဏ်ရာရခဲ့တဲ့ အမေရိကန်စစ်သည် ၁၁ ယောက်ရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်ပုံမရဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဇန်နဝါရီလ ၈ ရက်က အမေရိကန်တပ်ဖွဲ့ စခန်းချနေတဲ့ အီရတ်အခြေစိုက်စခန်းတွေကို အီရန်နိုင်ငံက…

yyl-055-2.jpg

အီရန်နိုင်ငံရဲ့ တစ်ဦးတည်းသော အိုလံပစ်ဆုရှင် အမျိုးသမီး ပြည်ပကို ထွက်ပြေး

အီရန်နိုင်ငံရဲ့ တစ်ဦးတည်းသော အိုလံပစ်ဆုတံဆိပ်ရှင် အားကစားမယ်ဟာ အီရန်နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။ သူတော်ကောင်းယောင်ဆောင်တာ၊ လိမ်ညာတာ၊ မတရားတာ၊ အလိုလိုက်အကြိုက်ဆောင်နေတဲ့ ဘဝမှာ မနေချင်တော့လို့ အီရန်နိုင်ငံကနေ ထွက်ပြေးလာခဲ့တာလို့ အသက် ၂၁ နှစ်အရွယ် တိုက်ကွမ်ဒိုအားကစားမယ် အလီဇာဒါက ပြောပါတယ်။…

yyl-004-6.jpg

အီရန်နိုင်ငံက ၂ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေမှာ အမျိုးသမီး အများအပြား ပါဝင်

လူ ၁၇၆ ဦး လိုက်ပါလာတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ကို ပစ်ချမိတယ်လို့ အီရန်စစ်တပ်က ဝန်ခံခဲ့ပြီးနောက် အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ကနေ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပျံသန်းနေတဲ့လေယာဉ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့နားမှာ ပစ်ချခံခဲ့ရတာပါ။…

yyl-022-4.jpg

အီရန်နိုင်ငံအပေါ် ဒေါ်နယ်ထရမ့်ရဲ့ စစ်ပွဲဆင်နွှဲနိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ အဆိုပြုချက်ကို အောက်လွှတ်တော် ထောက်ခံ

အီရန်နိုင်ငံအပေါ် ဒေါ်နယ်ထရမ့်ရဲ့ စစ်ပွဲဆင်နွှဲခွင့်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ တောင်းဆိုတဲ့ အဆိုပြုချက်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဝင်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်က အဲဒီအဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၂၄ မဲ၊ ကန့်ကွက်မဲ ၁၉၄ မဲနဲ့…

yyl-021-2.jpg

အီရန်နိုင်ငံက ဒုံးကျည်နဲ့မှားယွင်းပစ်ခတ်လို့ ယူကရိန်းလေယာဉ်ပျက်ကျခဲ့ရတာဆိုတဲ့ သံသယတွေ ထွက်ပေါ်

သက်သေအထောက်အထားတွေအရ အီရန်နိုင်ငံက ဒုံးကျည်နဲ့ မှားယွင်းပစ်ခတ်ခဲ့တဲ့အတွက် တီဟီရန်မြို့နားမှာ ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တာလို့ ယူဆစရာရှိကြောင်း အနောက်အုပ်စုခေါင်းဆောင်တွေက ပြောပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၇၆ ယောက်လုံး သေဆုံးခဲ့ရတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျမှုကို စေ့စပ်စုံလင်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကနေဒါနဲ့ ဗြိတိန်နိုင်ငံ…

yyl-022-3.jpg

ပျက်ကျခဲ့တဲ့ ယူကရိန်း လေယာဉ်ရဲ့ Black box တွေကို ဘိုးရင်းကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံထံ ပေးအပ်မှာမဟုတ်ဘူးလို့ အီရန်နိုင်ငံ ဆို

ပျက်ကျခဲ့တဲ့ ယူကရိန်းလေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်(black box)တွေကို ဘိုးရင်းလေယာဉ်ကုမ္ပဏီ ဒါမှမဟုတ် အမေရိကန်နိုင်ငံထံ ပြန်ပေးမှာမဟုတ်ဘူးလို့ အီရန်နိုင်ငံက ပြောပါတယ်။ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းရဲ့ ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တီဟီရန်လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်းအကြာမှာပဲ ပျက်ကျခဲ့ပါတယ်။…