နှစ်ပတ်ဆက်တိုက် ထီဆုကြီး ၂ ကြိမ် ဆွတ်ခူးခဲ့တဲ့ အမျိုးသမီး

2.11.23-yyl-6.jpg

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းထီ ထိုးရင်း နှစ်ပတ်ဆက်တိုက် ထီဆုကြီး ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ဂျနီဖာမင်တန်ဟာ Safari Quest အွန်လိုင်းထီဂိမ်း ကစားနေရင်း အလယ်ပုံထီဆုကြီးကို တစ်ယောက်ယောက် ဆွတ်ခူးသွားမှန်း သတိထားမိခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်လာ ၉၁၂၉၃၆ အလယ်ပုံ ထီဆုကြီး ဆွတ်ခူးသွားသူက သူ ဖြစ်နေမှန်း မသိခဲ့ပါဘူး။ မိနစ်ပိုင်းအကြာမှ သူ ထီပေါက်မှန်း သူ သိခဲ့တာပါ။ ဒီထက်ပိုပြီး အံ့အားသင့်စရာကောင်းတာကတော့ ဂျနီဖာမင်တန်ဟာ လွန်ခဲ့တဲ့တစ်ပတ်ကလည်း Safari Quest အွန်လိုင်းထီဂိမ်းကနေ ဒေါ်လာ ၅၀၀၀၀ ဆွတ်ခူးခဲ့ဖူးတာပါပဲ။

Ref: Virginia woman wins two big lottery prizes in two weeks from same game

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top