သမီးကို ကောလိပ်ပို့လိုက်ရတာ ရင်ကို ခွဲဖွင့်လိုက်သလို ခံစားရတယ်ဆိုတဲ့ အိုဘားမား

27-obamas.w1200.h630.jpg

အမေရိကန် သမ္မတဟောင်း ဘားရတ်အိုဘားမားက သူရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ မလီယာကို ကောလိပ်ကို ပို့ခဲ့ပြီးတဲ့နောက် သူ့ရင်တွင်းခံစားချက်တွေကို အခုလို ထုတ်ဖော် ပြောဆိုလိုက်တာပါ။ “ကျွန်တော်တို့လို သမီးရှိတဲ့သူတွေအတွက်တော့ ဒီလို ဖြစ်လာတာ မြန်လွန်းတယ်။ မလီယာ ကို ကောလိပ်ပို့လိုက်ရတာ ရင်ကို ခွဲဖွင့်လိုက်သလိုပါပဲ လို့ ဂျိုးနဲ့ ဂျေးလ် (အမေရိကန် ဒုသမ္မတဟောင်းနဲ့ ဇနီး) ကို ပြောခဲ့ပါသေးတယ်။” လို့ ဘားရတ်အိုဘားမားက Beau Biden Foundation က ပြုလုပ်တဲ့ ပွဲမှာ ပြောခဲ့ပါတယ်။

မလီယာက ၂၀၁၆ မေလမှာ အထက်တန်းကျောင်းပြီးခဲ့တာ ဖြစ်ပြီး ဟားဗတ် တက္ကသိုလ်မှာ ၂၀၂၁ ခုနှစ်အထိ ပညာဆက်လက်သင်ယူသွားမှာ ဖြစ်ပါတယ်။ “သမီးရဲ့ ရှေ့မှာ မငိုမိတာ ဂုဏ်ယူမိတယ်” လို့ အိုဘားမားက အသောဖောက်ခဲ့ပါသေးတယ်။

အရင်ကလည်း အိုဘားမားက ဖခင်တစ်ယောက်ဖြစ်ရတာ သူဘယ်လောက် တန်ဖိုးထားလဲဆိုတာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါသေးတယ်။ သူ့ရဲ့ သမ္မတ အဖြစ်ကနေ နှုတ်ဆက်စကားပြောတဲ့မိန့်ခွန်းမှာတုန်းက လေးဆယ်လေးယောက်မြောက် အမေရိကန် သမ္မတဖြစ်တဲ့ အိုဘားမားက သူ ဘဝ တစ်လျှောက်လုပ်ခဲ့သမျှအရာတိုင်းမှာ သူ့သမီးလေးတွေရဲ့ ဖခင်ဖြစ်ရတာ ဂုဏ်အယူဆုံးပါပဲလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ သမီးတွေအပေါ်ထားတဲ့ မေတ္တာစိတ်ကတော့ တကယ့်ကို လေးစားအားကျစရာပါပဲ။

Ref: CNN: Obama: Dropping Malia off at college was ‘like open-heart surgery

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top