ထိုင်းနိုင်ငံက ၂၀၂၁ခုနှစ်အထိ ခရီးသွားဧည့်သည် တွေအတွက် နယ်စပ်ကို ဖွင့်ပေးဦးမှာမဟုတ်

11-8-2020-yyl-028.jpg

ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းအာဏာပိုင်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးက ၂၀၂၁ခုနှစ်အထိ ကမ္ဘာလှည့်ခရီးသွားတွေအတွက် နိုင်ငံတကာဆိုင်ရာနယ်စပ်ကို ဖွင့်ပေးဦးမှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ “ကိုဗစ်ကာလအတွင်းမှာ အပန်းဖြေခရီးလာဖို့အတွက် နိုင်ငံတကာဆိုင်ရာနယ်စပ်ကို ပြန်ဖွင့်ဦးမှာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။

ထိုင်းအစိုးရဘက်က ထိုင်းနိုင်ငံကို အခုနှစ်မှာ ဖွင့်ပေးမယ်ဆိုတဲ့ အချက်ပြမှုမရှိတဲ့အပြင် ဒီဆုံးဖြတ်ချက်က ခရီးသွားလုပ်ငန်းတွေမှာ ဖိအားဖြစ်စေခဲ့တယ်လို့လည်း ခရီးသွားလုပ်ငန်းအာဏာပိုင်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “ခရစ်စမတ်ရာသီက ထူးခြားတဲ့အချိန်အခါဖြစ်တဲ့အတွက် အန္တရာယ်ရှိပါတယ်။ ဖေဖော်ဝါရီလက တရုတ်နှစ်သစ်ကူးတုန်းကတောင် ထိတ်လန့်ဖို့ကောင်းခဲ့ပါတယ်”လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို ဝင်ခွင့်ပြုထားတဲ့လူတွေကိုတောင် တင်းကျပ်တဲ့ ကျန်းမာရေးလုပ်ဆောင်ချက်တွေ အောက်မှာထားရှိထားပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ပြုထားတဲ့လူတွေကတော့

  • သံတမန်တွေ
  • ကုလသမဂ္ဂအာဏာပိုင်တွေ
  • စီးပွားရေးလုပ်ငန်းရှင်တွေ
  • ရင်းနှီးမြှုပ်နှံသူတွေ
  • ရုပ်ရှင်အဖွဲ့သားတွေ
  • ပြပွဲဝန်ထမ်းတွေ
  • အစိုးရရဲ့ခွင့်ပြုချက်ရထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ
  • ထိုင်းနိုင်ငံ အထူးဗီဇာကိုင်ဆောင်ထားသူတွေပါပဲ။

ဒါပေမဲ့ ဒါကလည်း တစ်ဦးချင်းစီလာတဲ့ နိုင်ငံပေါ်မှာမူတည်သေးပါတယ်။ ထိုင်းနိုင်ငံကို ပြန်လာတဲ့သူတွေက Quaratine (၂) ပတ်ခံယူရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းတွေအတွက်လည်း နိုင်ငံတွေကို ရွေးချယ်ကာ ပြန်ဖွင့်ပေးဖို့ စီစဉ်နေပါတယ်။

Ref: WorldofBuzz “Thailand Will Not Open Its International Borders To Tourists Until 2021”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top