၂၀၂၀ ခုနှစ် ဩဂုတ်လမှာ အူမကြီးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ရတဲ့ Black Panther ဇာတ်ကောင်မင်းသား ချက်ဒ်ဝစ် ဘို့စ်မန်းဟာ ဟောလိဝုဒ်ကျော်ကြားမှုအထိမ်းအမှတ်လျှောက်လမ်းမှာ ကြယ်ပွင့်မှာ ချီးမြှင့်ဂုဏ်ပြုခံခဲ့ရပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ချက်ဒ်ဝစ်ရဲ့ဇနီးဖြစ်သူ ဆိုင်မွန် လက်ဒ်ဝက်ဒ် ဘို့စ်မန်း၊ဒါရိုက်တာ ရိုင်ယန် ကူးဂလား၊ မင်းသမီးဗွိုင်အိုလာ ဒါဗစ်တို့က တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာပါ။

ချက်ဒ်ဝစ်က ၂၀၁၈ ခုနှစ်ရဲ့ မာဗယ်ရုပ်ရှင် Black Panther မှာ သရုပ်ဆောင်ခဲ့ပြီးနောက် ပိုပြီးလူသိများလာခဲ့တာပါ။ သူဟာ ” “21 Bridges,” Spike Lee’s “Da 5 Bloods,” နဲ့ “Ma Rainey’s Black Bottom” ဇာတ်ကားတွေနဲ့ ဆုတွေရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့မှာ ချက်ဒ်ဝစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ Ma Rainey’s Black Bottom ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသမီးဗွိုင်အိုလာ ဒါဗစ်က ချက်ဒ်ဝစ်ကို ရဲတိုက်ကြီးသဖွယ်တင်စားပြောဆိုခဲ့ပါတယ်။ ကျော်ကြားမှုအထိမ်းအမှတ်လျှောက်လမ်းမှာ လှပနေတဲ့ ဒီကြယ်ပွင့်က ကောင်းကင်ဘုံမှာ ရှိနေတဲ့ ချက်ဒ်ဝစ်ထက် ပိုပြီးတောက်ပနေမှာတော့မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ Black Panther ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ရိုင်ယန် ကူးဂလားကလည်း ချက်ဒ်ဝစ်ရဲ့အကြောက်တရားကင်းမဲ့မှုနဲ့ ပြတ်သားတဲ့ခေါင်းဆောင်နိုင်မှုကို ပြန်ပြောဖြစ်ခဲ့ပါတယ်။

ကြယ်ပွင့်နဲ့ ချီးမြှင့်တဲ့အခမ်းအနားကို Black Panter တွဲဖက်သရုပ်တောင်တွေဖြစ်တဲ့ မင်းသားမိုက်ကယ်ဘီဂျောဒန်၊ မင်းသမီးလက်တီရှာရိုက်တို့အပြင် ချက်ဒ်ဝစ်ရဲ့အစ်ကိုနှစ်ယောက်လည်း တက်ရောက်ခဲ့ပါတယ်။
Ref: Chadwick Boseman honored with posthumous Hollywood Walk of Fame star
WL (ရိုးရာလေး)

