တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် Alibaba Group တို့ ပူးတွဲဖန်တီးသည့် အွန်လိုင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲပလက်ဖောင်း တရားဝင်စတင်

6-11-2020-yyl-009.jpg

တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးနှင့် Alibaba Group တို့ ပူးတွဲကျင်းပသည့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ အွန်လိုင်းပလက်ဖောင်း စတင်ခြင်း အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ Mr. Zhou Hongbo ၊ Alibaba Group ပူးပေါင်းလုပ်ကိုင်သူ၊ ဒုတိယဥက္ကဋ္ဌ Ms. Song Jie ၊ (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဂုဏ်ထူးဆောင်နိုင်ငံဖြစ်သည့် နန်နင်းမြို့အခြေစိုက် လာအိုနိုင်ငံမှ ကောင်စစ်ဝန်ချုပ် Mr. Virasac Somphong တို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး နန်နင်းမြို့တွင် အခြေစိုက်သည့် အာဆီယံနိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးချုပ်ရုံး အတွင်းရေးမှူးချုပ် Mr. Wang Lei က အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် “Share CAEXPO on Cloud for a New Chapter in the Digital and Smart Silk Road” ကို ကြေညာခဲ့ပြီး ဘက်အသီးသီးမှ ဧည့်သည်တော်များက အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲ ပလက်ဖောင်းကို အတူတကွ ဖွင့်လှစ်ပေးကာ တရုတ်-အာဆီယံကုန်စည်ပြပွဲ တစ်နှစ်ပတ်လုံးကျင်းပမည့် ပုံစံသစ်ကို စတင်လိုက်သည်။

Mr. Zhou Hongbo က (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် “အွန်လိုင်း” တွင် ကျင်းပကာ “လက်တွေ့ပြပွဲ + အွန်လိုင်းပြပွဲ” ပုံစံဖြင့် ပြသမည်ဖြစ်ကြောင်း၊ ယခုအကြိမ် အချိန် အကန့်အသတ်ကို ထိုးဖောက်လိုက်သည့် ပြပွဲတွင် ထူးခြားချက်သုံးချက်ကို ပေါ်လွင်စေပါကြောင်း၊ ပထမအနေဖြင့် နိုင်ငံရေးအပိုင်းတွင် “အွန်လိုင်း သံတမန်ဆက်ဆံရေး” အဆင့်မြင့်ဆွေးနွေးရေး ပလက်ဖောင်းအသစ်ကို တည်ဆောက်ခြင်း၊ ဒုတိယအနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး အပိုင်းတွင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာနိုင်သည့် အကြောင်းအရာအသစ်ကို မွေးထုတ်ပေးခြင်း၊ တတိယအနေဖြင့် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုတွင် အွန်လိုင်း “နန်နင်းလမ်းကြောင်း” ဖောက်လုပ်ခြင်းတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Alibaba Group ပူးပေါင်းလုပ်ကိုင်သူ၊ ဒုတိယဥက္ကဋ္ဌ Ms. Song Jie က Alibaba Group သည် အဓိကနည်းပညာအားသာချက်ကို အသုံးချပြီး “အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲ” ပလက်ဖောင်းလေးခု စနစ်တည်ဆောက်ရေးတွင် ကူညီပေးခဲ့ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ၏ ကုန်ပစ္စည်းများကို ဘက်စုံမိတ်ဆက်တင်ဆက်ပေးနေကြောင်း၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွက် တစ်ချိန်တည်းတွင် အွန်လိုင်းအစည်းအဝေးနှင့် Live လွှင့်မှု သောင်းချီ ကျင်းပနိုင်ပြီး Alibaba စီးပွားရေးအသိုက်အဝန်းအတွင်းရှိ အရောင်းမြှင့်တင်ရေး ပလက်ဖောင်းများကို ချိတ်ဆက်နိုင်သည့် ပလက်ဖောင်း ထောက်ပံ့ပေးကာ ပြပွဲ၌ဝင်ရောက်ပြသသည့် နိုင်ငံအသီးသီးမှ ကုန်သည်များအတွက် နယ်ပယ်စုံ အရောင်းမြှင့်တင်ရေး ကြော်ငြာလုပ်ငန်းများ ထောက်ပံ့ပေးကြောင်း မိတ်ဆက် ပြောကြားခဲ့သည်။

နန်နင်းမြို့အခြေစိုက် လာအိုနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Virasac Somphong က လာအိုနိုင်သည် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံအနေဖြင့် လာအိုနိုင်ငံဝန်ကြီးချုပ်က တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားမည်ဖြစ်ပြီး အမှာစကားပြောကြားမှုကို ကြိုတင်ရိုက်ကူးပြသသည့် ပုံစံဖြင့် အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲမှတစ်ဆင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်က လာအိုနိုင်ငံခေါင်းဆောင်နှင့် တရုတ်နိုင်ငံကုမ္ပဏီ CEO များစားပွဲဝိုင်းဆွေးနွေးပွဲကိုလည်း တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် “လက်တွေ့ပြပွဲ + အွန်လိုင်းပြပွဲ” ပုံစံကို ပထမဆုံးအကြိမ်ကျင့်သုံးပြီး တရုတ်နိုင်ငံနှင့် ပြည်ပကုမ္ပဏီများအတွက် အွန်လိုင်းတွင်ပြသမှု၊ အွန်လိုင်းဆွေးနွေးရေးအစည်းအဝေး၊ Live လွှင့်၍ ကြေညာခြင်းနှင့် နိုင်ငံဖြတ်ကျော် e-commerce စသည့် လုပ်ဆောင်ချက်များကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သည်။ အွန်လိုင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် တရုတ်ကုန်ပစ္စည်းပြခန်း၊ အာဆီယံနိုင်ငံပြခန်း၊ အထူးဖိတ်ခေါ်ထားသည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နှင့် “Belt and Road” နိုင်ငံတကာပြခန်းများ ထားရှိပြီး ပြည်တွင်းပြည်ပ နာမည်ကျော် e-commerce ပလက်ဖောင်းနှင့် ချိတ်ဆက်သည့် ဝန်ဆောင်မှု ထောက်ပံ့ပေးမည်ဖြစ်ကာ ဧည့်ပရိသတ်များက အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံ၊ အာဆီယံ ၁၀ နိုင်ငံနှင့် အခြားနိုင်ငံ ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်သည်။ တစ်ချိန်တည်းတွင် အင်တာနက်တွင် အွန်လိုင်း နိုင်ငံဖြတ်ကျော် အရောင်းအဝယ် ချိတ်ဆက်ပွဲ၊ အွန်လိုင်းဆယ်လီက Live လွှင့်၍ ကုန်ပစ္စည်းရောင်းချခြင်း၊ အာဆီယံကုန်ပစ္စည်းများ ကြေညာမိတ်ဆက်ပွဲ စသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး လှုပ်ရှားမှုများကိုလည်း ကျင်းပသွားမည် ဖြစ်သည်။

အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲပလက်ဖောင်း အားကိုးဖြင့် Alibaba ဒစ်ဂျစ်တယ် စီးပွားရေးအသိုက်အဝန်း၏ နည်းပညာအင်အား၊ ဂေဟအားသာချက်တို့ကို ပြပွဲလုပ်ငန်းထဲတွင် ဘက်စုံပေါင်းစပ်လိုက်ပြီး အားအင်သစ်များ ပေါ်ထွန်းလာစေပြီး စွမ်းအင်သစ်ကို ဖြစ်ထွန်းလာစေသည်။ အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲပလက်ဖောင်းက Alibaba ၏ အဓိက နည်းပညာအားသာချက်ကို အသုံးချပြီး “အွန်လိုင်းတွင်ပြသမှု၊ အွန်လိုင်းဆွေးနွေးရေး အစည်းအဝေး၊ Live လွှင့်၍ ကြေညာခြင်းနှင့် နိုင်ငံဖြတ်ကျော် e-commerce ဝန်ဆောင်မှု” ဟူသည့်ပလက်ဖောင်းကြီး လေးခု၊ “အခြေခံဖွဲ့စည်းမှု အထောက်အပံ့ နှင့် လုံခြုံရေးကာကွယ်မှု” စသည့် စနစ်ကြီးနှစ်ခုကို တည်ဆောက်သွားမည်ဖြစ်သည်။ 3D ပြခန်း၊ အွန်လိုင်းပြခန်းနှင့် အွန်လိုင်း ကုန်ပစ္စည်း ဘက်စုံမိတ်ဆက်တို့ဖြင့် ပြည်တွင်းပြည်ပမှ ပြပွဲတွင် ပါဝင်ပြသတက်ရောက်သည့် ကုမ္ပဏီနှင့် ဧည့်ပရိသတ်များကို အွန်လိုင်းနှင့်လက်တွေ့ တစ်သားတည်းဖြစ်သော အပြန်အလှန် လှုပ်ရှားမှုနှင့် အတွေ့အကြုံပုံစံပေးကာ ဒေသတွင်း နိုင်ငံဖြတ်ကျော် e-commerce ကုန်သွယ်ရေးကို ဒစ်ဂျစ်တယ် စီးပွားရေးခေတ်နှင့် ချိတ်ဆက်မိစေပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲကို ဖွံ့ဖြိုးတိုးတက်မှု အဆင့်အသစ်သို့ ဝင်ရောက်ရန် တွန်းအားပေးလိုက်ပါသည်။

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်း ပလက်ဖောင်းပေါ်တွင် ဘာသာစကားအမျိုးမျိုးဖြင့် Live ထုတ်လွှင့်ပြသမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံမှ ဧည့်ပရိသတ်များက လက်ကိုင်ဖုန်း၊ ကွန်ပျူတာတို့တွင် အွန်လိုင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲပလက်ဖောင်းသို့ Log in ဝင်ရောက်ပြီး အွန်လိုင်းမှ ကြည့်ရှုနိုင်ပါသည်။ တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ ဆက်စပ် အဆင့်မြင့်ဖိုရမ်များ၊ အာဆီယံနိုင်ငံမိတ်ဆက်ပွဲ၊ ကုန်ထုတ်လုပ်ရေးဥယျာဉ်ဇုန် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပွဲတို့ကိုလည်း အွန်လိုင်းနှင့်လက်တွေ့ အပြန်အလှန်လှုပ်ရှားသည့် နည်းလမ်းဖြင့် အွန်လိုင်း တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။ အွန်လိုင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲပလက်ဖောင်းတွင် အွန်လိုင်းအစည်းအဝေးများစွာကို တစ်ချိန်တည်း ကျင်းပနိုင်ပြီး ပြည်တွင်းပြည်ပ မတူညီသည့်ဘာသာစကား၊ မတူညီသည့် လည်ပတ်မှုပုံစံရှိသည့် ဝင်ရောက် ပြသသူများအတွက် ဘာသာစကားမျိုးစုံဖြင့် ထုတ်လွှင့် ပေးနိုင်ကာ နှစ်ဦးနှစ်ဖက်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုအတွက် “One Stop Service” ဝန်ဆောင်မှု ထောက်ပံ့ပေးသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top