တံတားပေါ်ကနေ ရေခဲနေတဲ့ ရေကန်ထဲ ထိုးကျလာတဲ့ ဂျစ်ကားထဲကနေ အသက် ၈၃ နှစ်အရွယ် ယာဉ်မောင်းအမျိုးသား သောမတ်စ်လီနဲ့ သူ့ရဲ့ခွေးကို လူတစ်စုက အသက်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်က အိုင်အိုဝါပြည်နယ်၊ ဒစ်ကင်ဆန်ကောင်တီ ဟဝီ ၇၁ တံတားပေါ်ကနေ သောမတ်စ်လီရဲ့ ဂျစ်ကား ထိုးကျသွားခဲ့တာပါ။
![](https://yoyarlay.com/wp-content/uploads/2023/02/15.2.2023-image-5.jpg)
![](https://yoyarlay.com/wp-content/uploads/2023/02/15.2.2023-image-6.jpg)
ရေကန်ထဲမှာ ငါးဖမ်းနေတဲ့ ၁၇ နှစ်သား ဂျိုးဆက်ဆယ်မွန်က ကားနောက်ခန်းမှန်ကို ဓားနှောင့်နဲ့ ထုခွဲပြီး အဘိုးအိုကို ကယ်တင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သောမတ်စ်လီကို ဆေးရုံတင်ပို့ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူရော၊ သူ့ခွေးလေးပါ ကျန်းမာရေးစိတ်ချရပြီလို့ ဒစ်ကင်ဆန်ကောင်တီ တရားဥပဒေစိုးမိုးရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။
Ref: Good Samaritans Rescue 83-Year-Old Man And His Dog From Icy Lake
NZ (ရိုးရာလေး)