လေကြောင်းလိုင်းမှာ လေယာဉ် အတူတူမောင်းခွင့်ရခဲ့တဲ့ သားအမိ

6-11-2020-yyl-010.jpg

အမေရိကန်နိုင်ငံက သားအမိ (၂) ဦးကတော့ လေကြောင်းလိုင်းတစ်ခုမှာ လေယာဉ်အတူတူမောင်းခွင့်ရတဲ့ သားအမိအဖြစ် သမိုင်းစိုက်ထူနိုင်ခဲ့ပါပြီ။ ဆူဇီ ဂါရက်တ် (Suzy Garrett) နဲ့ ဒွန်နာ ဂါရက်တ် ဆိုတဲ့ သားအမိ (၂) ဦးလုံးဟာ အမေရိကန်နိုင်ငံက SkyWest Airlines အတွက် အလုပ်လုပ်ပေးနေခဲ့တာပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းကမှ အတူတူအလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ လေယာဉ်ပျံသန်းမောင်းနှင်ဖို့က ဂါရက်တ်တို့မိသားစု လုပ်ရမယ့်အရာတစ်ခုလိုဖြစ်နေပါတယ်။ ဆူဇီရဲ့ခင်ပွန်းနဲ့သားကလည်း လေယာဉ်မှူးတွေဖြစ်လို့ပါပဲ။

မိခင် ဆူဇီ ဂါရက်တ်ဟာ SkyWest Airlines က ငှားခဲ့တဲ့ ပထမဆုံးအမျိုးသမီးလေယာဉ်မှူးတွေထဲက တစ်ယောက်ဖြစ်ပြီး အခုဆိုရင် လေယာဉ်မောင်းနှင်နေခဲ့တာ နှစ် ၃၀ ကျော်နေပါပြီ။ အရင်က ဆူဇီပြောခဲ့ဖူးတာက “ကျွန်မတို့တွေ သေချာပေါက် ကျွန်မတို့လုပ်နေတဲ့အလုပ်ကို ချစ်ဖို့ပါ။ အခြားအလုပ်တွေကို အရမ်းကြည့်မနေကြပါနဲ့” တဲ့။

ဆူဇီရဲ့သမီး ဒွန်နာကလည်း “ကျွန်မရဲ့ဘဝတစ်ခုလုံးကို လေယာဉ်မောင်းတဲ့အလုပ်အတွက် မြှုပ်နှံထားပါတယ်။ လေယာဉ်မောင်းတာနဲ့ပတ်သက်ပြီး ကျွန်မမိဘတွေရဲ့စိတ်အားထက်သန်မှုနဲ့ နှစ်သက်သဘောကျမှုတွေကြောင့် လေယာဉ်မောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ အမေနဲ့အဖေတို့က လေယာဉ်မောင်းရတာကို အရမ်းပျော်နေတာပါ။ ကျွန်မ ခရီးတွေသွားပြီး ကြီးပြင်းခွင့်ရခဲ့တာပါ။ ကျွန်မရဲ့အဖေနဲ့အမေရဲ့လူနေမှုပုံစံကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတာ အရမ်းမိုက်ပါတယ်။ အဲဒါက ကျွန်မကို ဒီနယ်ပယ်ထဲ ရောက်လာစေခဲ့တယ်” လို့ ဆိုပါတယ်။

ဆူဇီက လေယာဉ်မှူးအလုပ်အတွက် အရမ်းကျေနပ်နေပြီး အမျိုးသမီးတွေအတွက် အလုပ်အချိန်ဇယားပြောင်းလဲနိုင်ဖို့နဲ့ မိသားစုရှိဖို့က အားသာချက်လို့ ယူဆထားပါတယ်။ ဆူဇီအတွက် ပိုကောင်းတဲ့အလုပ်က ပိုက်ဆံရှာနိုင်ပြီး အလုပ်ကိုအိမ်ကိုယူသွားစရာကာ စိတ်ဖိစီးစရာမလိုတဲ့အရာဖြစ်ပါတယ်။ လေယာဉ်မှူးတစ်ယောက်ရဲ့အချိန်ဇယားက ပြောင်းလဲနေတဲ့အတွက် SkyWest မှာ ဆူဇီအလုပ်လုပ်ရတဲ့အကြီးမားဆုံးအကြောင်းအရင်းဖြစ်ပါတယ်။ ကလေးတွေကြီးပြင်းလာဖို့အတွက် အချိန်ကောင်းကောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆူဇီက ကလေးတွေ ကျောင်းအလည်အပတ်ခရီးထွက်တဲ့အခါ လိုက်ပေးတာ၊ ကျောင်းကပွဲတွေကို တက်ပေးတာတွေလုပ်နိုင်ခဲ့ပါတယ်။

သမီးနဲ့အတူ လေယာဉ်မောင်းခွင့်ရခဲ့တဲ့အတွက်လည်း ဆူဇီက “ကျွန်မ ဒါကို နှစ်သက်တယ်။ တကယ်ကို ကြိုက်တယ်။ ကလေးနဲ့အတူ အတွေ့အကြုံတွေယူရတာ ကောင်းပါတယ်။ သမီးကလည်း SkyWest မိသားစုဝင်ပါပဲ။ ကျွန်မရဲ့သမီးအတွက် ဒီအလုပ်က ကောင်းတဲ့အသက်မွေးဝမ်းကျောင်းဖြစ်တော့မယ်လို့ ကျွန်မထင်တယ်။ သမီးက သူ့ဘဝမှာ စိတ်လှုပ်ရှားရတာ၊ စွန့်စားရတာတွေကြိုက်တယ်”လို့ ဆိုပါတယ်။

Ref: Ladbible “US Pairing Become First Mother-Daughter Duo To Pilot Commercial Plane Together”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top