ကိုဗစ်ရောဂါ ကူးစက်မှု လျှော့ချနိုင်ရေးအတွက် တရုတ်နိုင်ငံက လေယာဉ်အမှုထမ်းတွေကို သေးခံဝတ်ဆင်ဖို့ အကြံပြု

11-12-2020-yyl-007.jpg

ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် လေယာဉ်ပေါ်မှာ ရေအိမ်မသုံးဘဲ သေးခံဝတ်ဆင်ဖို့ တရုတ်နိုင်ငံ လေကြောင်းပျံသန်းရေး စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က လေယာဉ်အမှုထမ်းတွေကို အကြံပြုခဲ့ပါတယ်။

လေကြောင်းလိုင်းတွေအတွက် စာမျက်နှာ ၄၉ မျက်နှာပါတဲ့ စည်းမျဉ်းသစ်တွေ ချမှတ်ရာမှာ သေးခံအပါအဝင် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းတွေ ဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မြင့်မားတဲ့ နေရာတွေဆီ ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေမှာ အဲဒီအကြံပြုချက်တွေကို လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။ လူတစ်သန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၀၀ ကျော်ရှိတဲ့ ဒေသတွေကို ကူးစက်မှုမြင့်မားတဲ့နေရာအဖြစ် သတ်မှတ်ပါတယ်။

ခရီးသည်တွေနဲ့ ထိတွေ့ရတဲ့ အမှုထမ်းတွေကို နှာခေါင်းစည်း၊ တစ်ခါသုံး လက်အိတ်၊ မျက်မှန်၊ အကာအကွယ်ဝတ်စုံ၊ ဖိနပ်အစွပ်နဲ့ သေးခံဝတ်စုံဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတွေအတွက် အကြံပြုချက်ထဲမှာတော့ သေးခံဝတ်ဆင်ဖို့ ဖော်ပြထားခြင်းမရှိပါဘူး။

Ref: BBC ” Covid: China asks cabin crew to wear nappies to reduce virus risk”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top