ဂျိုးဘိုင်ဒင်နဲ့ ကာမာလာဟာရစ်ကို လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်း ရွေးချယ်

11-12-2020-yyl-006.jpg

Time မဂ္ဂဇင်းက ၂၀၂၀ ပြည့်နှစ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဂျိုးဘိုင်ဒင်နဲ့ ကာမာလာဟာရစ်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ကာမာလာဟာရစ်တို့ဟာ နိုဝင်ဘာလ ၃ ရက်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီလို့ သတ်မှတ်ခံထားရပါတယ်။

” အမေရိကန်နိုင်ငံရဲ့ ဇာတ်လမ်းကို ပြောင်းလဲပေးနိုင်လို့၊ မျှဝေခံစားမှုရဲ့ အင်အားဟာ စိတ်ဝမ်းကွဲပြားမှုတွေရဲ့ ဒေါသထက် အင်အားပိုကြီးတယ်ဆိုတာ ပြသနိုင်ခဲ့လို့၊ ညိုးမှိုင်နေတဲ့ ကမ္ဘာကြီးအတွက် ကုစားပေးမယ့်အမြင်ကို မျှဝေပေးလို့ ဂျိုးဘိုင်ဒင်နဲ့ ကာမာလာဟာရစ်တို့ကို ၂၀၂၀ ပြည့်နှစ်အတွက် Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်တာပါ”လို့ Time မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် အက်ဒဝပ်ဖယ်ဆင်သယ်က ရေးသားဖော်ပြပါတယ်။

Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထူးချွန်ဆုံး စီးပွားရေးသမားအဖြစ် Zoom app ရဲ့ အမှုဆောင်ချုပ် အဲရစ်ယွမ်ကို ရွေးချယ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်ကနေ အလုပ်လုပ်သူ၊ အိမ်ကနေ ပညာသင်ယူသူတွေ တဟုန်ထိုး မြင့်တက်လာချိန်မှာ Zoom app က လူကြိုက်အများဆုံး app တစ်ခုဖြစ်လာပါတယ်။

Ref: CNN ” Joe Biden and Kamala Harris named Time Person of the Year”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top