Time မဂ္ဂဇင်းရဲ့ Entertainer of the Year အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ နာမည်ကြီးကေပေါ့ပ်အဖွဲ့ BTS

11-12-2020-yyl-008.jpg

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ တဟုန်ထိုးအောင်မြင်နေတဲ့ ကေပေါ့ပ်အဖွဲ့ BTS ဟာ Time မဂ္ဂဇင်းရဲ့ Entertainer of the Year အဖြစ် အမည်တပ်ခံခဲ့ရပါတယ်။ မနေ့ကမှ Time မဂ္ဂဇင်းက BTS အဖွဲ့ကို Entertainer of the Year အဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အခုနှစ်ကတော့ BTS အတွက် အမေရိကန်နိုင်ငံမှာ အောင်မြင်မှုများစွာဆွတ်ခူးနိုင်ခဲ့တဲ့နှစ်ပါပဲ။

၂၀၁၃ခုနှစ်မှာ အဖွဲ့ဝင် ၇ ဦးနဲ့ စတင်ပွဲဦးထွက်ခဲ့တဲ့ BTS ဟာ သူတို့ရဲ့မြူးကြွတဲ့သီချင်းတွေ၊ ARMY တွေရဲ့အားပေးမှု၊ အများကအားပေးလက်ခံပေးမှုတွေကြောင့် ကမ္ဘာ့နာမည်အကြီးဆုံးအဆိုအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ ကိုရီးယားအဆိုအဖွဲ့ဖြစ်ပေမဲ့ ကမ္ဘာထိထိုးဖောက်အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ ထူးချွန်တဲ့အဖွဲ့ဖြစ်ပါတယ်။

အခုနှစ်မှာလည်း BTS အဖွဲ့ဟာ ကိုရီးယားနိုင်ငံက ဂီတဆုပေးပွဲတွေမှာ ဆုကြီးတွေကိုပဲ သိမ်းပိုက်ခဲ့တဲ့အပြင် နိုင်ငံတကာဆုပေးပွဲမှာလည်း ဆုတွေပိုင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့လကလည်း ဂရမ်မီဆုပေးပွဲရဲ့ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးကေပေါ့ပ်အဖွဲ့ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့Dynamite ကလည်း Billboard Hot 100 chart မှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ ပထမဆုံးပွဲဦးထွက်အင်္ဂလိပ်သီချင်းဖြစ်ခဲ့ပါတယ်။ ဒီသီချင်းက ထွက်ရှိပြီး (၂၄) နာရီအတွင်းမှာ ကြည့်ရှုသူ သန်း ၁၀၀ ကျော်ရှိခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။

“BTS အဖွဲ့က ဂီတဇယားတွေမှာ ပါဝင်တဲ့ အကြီးဆုံးကေပေါ့ပ်အဖွဲ့ဖြစ်ရုံတင်မဟုတ်ပါဘူး။ ကမ္ဘာ့နာမည်ကြီးဆုံးကေပေါ့ပ်အဖွဲ့လည်းဖြစ်လာခဲ့ပါတယ်။ ဆုတ်ယုတ်မှုများတဲ့၊ ကမ္ဘာကြီးအထိနာတဲ့နှစ်မှာ သူတို့အောင်မြင်အောင်၊ လူတိုင်းနဲ့အဆက်အသွယ်မပြတ်အောင် လုပ်နိုင်ခဲ့တယ်” လို့ Timeမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ တွစ်တာကလည်း BTS အဖွဲ့ဟာ (၄) နှစ်ဆက်တိုက် အမေရိကန်နိုင်ငံရဲ့ တွစ်တာအကောင့်တွေမှာ ဖော်ပြခံရမှုအများဆုံးအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ အခုအပတ်မှာ ထုတ်ပြောခဲ့ပါတယ်။

Ref: Reuters “K-Pop band BTS named Time’s entertainer of the year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top