ကမ္ဘာ့ပထမဆုံး 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုကို တရုတ်နိုင်ငံ အောင်မြင်စွာ လွှတ်တင်

9-11-2020-yyl-005.jpg

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုကို ကမ္ဘာ့ပတ်လမ်းအတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါပြီ။ 6G စနစ်ဟာ 5G ဆက်သွယ်ရေးစနစ်ထက် အဆကျော် ၁၀၀ ပိုမြန်ပြီး အာကာသထဲမှာ lossless transmission ( အလေအလွင့်မရှိတဲ့ ဆက်သွယ်မှု) ထုတ်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

တရုတ်နိုင်ငံဟာ 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုအပါအဝင် ကိုယ်ပိုင်ဂြိုဟ်တု ၃ လုံး၊ အာဂျင်တီးနားကုမ္ပဏီ Satellogic က တီထွင်ထားတဲ့ စီးပွားဖြစ် အဝေးထိန်းဂြိုဟ်တု ၁၀ လုံးကို Long March-6 ဒုံးပျံပေါ်တင်ပြီး ရှန်ဇီပြည်နယ် တိုင်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တာပါ။ 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုမှာ ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးစေတဲ့ ကပ်ဘေးစောင့်ကြည့်ရေး၊ တောမီးလောင်ကျွမ်းမှု တားဆီးရေးအတွက် အသုံးပြုနိုင်တဲ့ နည်းပညာလည်း ပါဝင်ပါတယ်။

UESTC လို့ အမည်ပေးထားတဲ့ 6G နည်းပညာ စမ်းသပ်ဂြိုဟ်တုကို တရုတ်နိုင်ငံ အီလက်ထရောနစ်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၊ Chengdu Guoxing Aerospace Technology ကုမ္ပဏီနဲ့ Beijing MinoSpace Technology ကုမ္ပဏီတို့က ပူးပေါင်းဖန်တီးခဲ့တာပါ။ 6G frequency band မှာ 5G စနစ်ရဲ့ မီလီမီတာကြိမ်နှုန်းကို terahertz ကြိမ်နှုန်းအဖြစ် တိုးချဲ့မှာဖြစ်လို့ စမ်းသပ်ဂြိုဟ်တုက အာကာသထဲမှာ 6G technology ရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်မယ်လို့ ဆိုပါတယ်။

Ref: BBC & Asia Times

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top