ဆူမားတြားသစ်တောများအားကာကွယ်ပေးနိုင်မည့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းမှုအား Huawei နှင့် Rainforest Connection တို့ပြုလုပ်

IMG-20190727-WA0014.jpg

Huawei Indonesia မှ Rainforest Connection (RFCx) ဖြင့် ပူးပေါင်းကာ Recycled Cell Phones များအား ဆိုလာအထောက်အပံ့ပြု ကြားသိနိုင်သည့်ကိရိယာတစ်ခုအဖြစ် ပြောင်းလဲအသုံးပြုမည့်လက်တွဲမှု တစ်ခုအား စတင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ ပူးပေါင်းမှုအား ဆူမားတြားကျွန်းစုအတွင်းရှိ Rainforest များအားကာကွယ်နိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။ ကာကွယ်မှုများအား အချက်အလက်များသိမ်းဆည်းနိုင်သည့် ကိရိယာ (data collection tools) ၊ သိမ်းဆည်းမှုပိုင်းဆိုင်ရာ ဝန်ဆောင်မှု (storage service) နှင့် သစ်တောနှင့်ပတ်သက်သည့် တိကျသောဒေတာအချက်အလက်များ (precise data analysis of the forest condition) အစရှိသည့် တီထွင်ဆန်းသစ်သောပလက်ဖောင်းများ ဖန်တီးပြုလုပ်သွားမည်ဖြစ်သည်။ ယခုပူးပေါင်းမှု၌ Huawei သည် ၎င်း၏ အသုံးပြုပြီး စမတ်ဖုန်းများတွင် ထည့်သွင်းထားသည့် rainforest အတွင်းရှိလုပ်ဆောင်ချက်များအား ဖမ်းယူနိုင်မည့်နည်းပညာအထောက်အပံ့နှင့် Huawei AI နည်းပညာများအား ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး အဆိုပါအထောက်အပံ့များမှတစ်ဆင့် rainforest အတွင်းရှိ တိရစ္ဆာန်အသံများအား ပိုမိုနားလည်သိရှိစေကာ မျိုးတုန်းလုနီးပါးမျိုးစိတ်များအတွက် လိုအပ်သည့် အထောက်အပံ့များအားပေးစွမ်းနိုင်မည်ဖြစ်သည်။

Huawei ၏ RFCx နှင့် ပူးပေါင်းမှုသည် Topher White မှ သူနှင့် သူ့၏ အဖွဲ့မှ တရားမဝင်သစ်ခိုးထုတ်မှုအား ကာကွယ်နိုင်ရန်အတွက် cell phone အဟောင်းများအား မည်ကဲ့သို့ TedTalk 2014 တွင် ထုတ်ဖော်ပြောကြားမှု အပြီးတွင်စတင်ခဲ့သည်။ Huawei သည် Topher အား ပူးပေါင်းမှုအတွက် ကမ်းလှမ်းသည့်အချိန်၌ RFCx မှ အံ့သြသင့်ဖွယ်ကောင်းသောအကြမ်းခံမှုကြောင့် Huawei ၏ Recycled Cell Phone များအား ၎င်းတို့ သုံးဆွဲပြီးဖြစ်ကြောင်းအား သိရှိခဲ့ရသည်။ ယခုလက်ရှိတွင် အဆိုပါနည်းပညာအား တိုက်ကြီး (၅) တိုက်တွင် ရှိသော နိုင်ငံ (၁၀) နိုင်ငံ၌ စတင်အသုံးပြုနေပြီဖြစ်ပြီး ဆူမားတြား အပါအဝင် 2000 km2 အကျယ်အဝန်းရှိသည့် သစ်တောများအား ကာကွယ်ပေးနေနိုင်ပြီဖြစ်သည်။

Muara Labuh ၊ West Sumatra ဧရိယာများ၌ ရှိသော rainforest များအား ကာကွယ်ပေးနိုင်မည်ဖြစ်သော “The Guardian” ဟု အမည်ရသည့် ဆိုလာအထောက်အပံ့ပြု Audio Monitoring System အား ယခုပူးပေါင်းမှုမှ တဆင့် တီထွင်ခဲ့သည်။ The Guardian စနစ်တွင် Huawei ဖုန်းများအား အဓိကပင်မ အရင်းအမြစ်အဖြစ်အသုံးပြုထားသည်။ အသုံးပြုပြီး Huawei ဖုန်းများ အသုံးပြုထားသည့် The Guardian သည် Rainforests ၏ အသံများ၊ တိရစ္ဆာန်အသံများ၊ သံကြိုးလွှ ၊ မော်တော်ဆိုင်ကယ်နှင့် အခြားသော အန္တရာယ်ရှိနိုင်သည့်အဖြစ်အပျက်များ၏ အသံများအားဖမ်းယူနိုင်မည်ဖြစ်သည်။ Huawei Cloud နှင့် အခြားသောဆက်သွယ်ရေးတာဝါများ ထောက်ပံ့ထားပြီး အသုံးပြုပြီး Huawei စမတ်ဖုန်းများမှ ဖမ်းယူထားသည့် အသံများအား မြေပြင်ပေါ်ရှိ အနီးကပ်ဆုံးသောပါတနာထံသို့ အချိန်နဲ့တစ်ပြေးညီပေးပို့နိုင်ကာ ဒေသသံ အစိုးရများအား သတင်းပေးပို့ခြင်းကဲ့သို့သော လိုအပ်သည့်လုပ်ငန်းဆောင်တာများအား လုပ်ကိုင်နိုင်စေမည်ဖြစ်သည်။

Huawei နှင့် RFCx တို့မှ Huawei ၏ အဆင့်မြင့် ဉာဏ်ရည်တုဝန်ဆောင်မှု ( HUAWEI CLOUD AI) နှင့် tools (ModelArts) များ အပေါ်တွင် အခြေခံကာ ပိုမိုတိကျပြီး ဉာဏ်ရည်မြင့်မားသည့် အယ်လဂိုရီသမ် မော်ဒယ် အား တီထွင် ဖန်တီးနိုင်ခဲ့သည်။ အဆိုပါ ဖန်တီးမှုမှ တဆင့် ပိုမိုတိကျသည့် သံကြိုးလွှအသံများနှင့် ကုန်တင်ကား အသံများအား ဖမ်းယူနိုင်စေမည်ဖြစ်သည်။ ထို့အပြင် Huawei မှ RFCx နှင့် ပူးပေါင်းကာ Orangutan (အမွှေးနီ၍ လက်တံရှည်သော မျောက်ကြီးတစ်မျိုး) ကဲ့သို့သော မျိုးသုဉ်းလုနီးပါး မျိုးစိတ်များအားသိရှိစေပြီး ၎င်းတို့၏ ကျက်စားရာနေရာ၊ မျိုးစိတ်အား အန္တရာယ်ပြုစေမည့်အချက်အလက်နှင့် ရှင်သန်မှုခြင်းဆိုင်ရာ ဓလေ့စရိုက်များအားသိရှိစေကာ လိုအပ်သည့်ကာကွယ်မှုများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

အဆိုပါပရောဂျက်မှတစ်ဆင့် RFCx အဖွဲ့သည့် Nagari Sirukam ၊ Nagari Pakan Rabaa Timur ၊ Nagari Pakan Rabaa နှင့် Nagari Pasir Talang Timur ကဲ့သို့သောရွာများ၌ လေ့လာမှုများနှင့်အတူ ဒေသခံများနှင့် တွေ့ဆုံမှုများအား ပြုလုပ်ခဲ့သည်။ အဆိုပါအဖွဲ့သည် ဒေသခံများအား The Guardian စနစ်အား မည်ကဲ့သို့ အသုံးပြုရမည်ဖြစ်ကြောင်းအား သင်ကြားပို့သခဲ့သည်။ အဆိုပါဒေသခံအသိုင်းအဝိုင်းများသည် နည်းပညာသစ်များ ၊ စမတ်ဖုန်းနှင့် အပလီကေးရှင်းများအသုံးပြုခြင်းနှင့် ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှုမရှိသော်လည်း ကောင်းမွန်သည့်တုံ့ပြန်မှုများစွာရရှိခဲ့သည်။ The Guardian စနစ် နှင့် အပလီကေးရှင်းမှတစ်ဆင့် ဒေသခံ တစ်ဦးသည် တရားမဝင် သစ်ခုတ်ခြင်းအား သိရှိခဲ့ပြီး လိုအပ်သည့် တိုင်ကြားမှုများအား ပြုလုပ်နိုင်ခဲ့သည့် ဥပမာကောင်းတစ်ခုမှလည်း သက်သေသာဓကအဖြစ်ရပ်တည်လျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top