HDMI ကြိုးထက် ၂ ဆ ပိုမြန်တဲ့ ကြိုးအသစ်တစ်မျိုးကို တရုတ်ကုမ္ပဏီတစ်ခုက မိတ်ဆက်ပြသခဲ့ပါတယ်။ General Purpose Media Interface (GPMI) လို့ အမည်ပေးထားတဲ့ ကြိုးကို Shenzhen 8K UHD Video Industry Cooperation Alliance က တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ TCL တို့ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။
GPMI ကြိုးဟာ အသစ်ထွက်လာမယ့် HDMI 2.2 ထက် ၂ ဆ ပိုမြန်ပြီး အသံနဲ့ ဗီဒီယိုဖိုင် 192 Gbps အထိ ကူးလူးပို့ဆောင်နိုင်ပြီး 480 ဝပ်အထိ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒေတာ ပို့ဆောင်ခြင်း၊ အားသွင်းခြင်း၊ ကွန်ရက်ချိတ်ဆက်ခြင်း အစရှိတဲ့ ဘက်စုံသုံး ကြိုးအမျိုးအစား ဖြစ်ပါတယ်။
စွမ်းဆောင်ရည် ၂ ဆ ပိုကောင်းပြီး ဘက်စုံအသုံးပြုနိုင်ပေမဲ့ ကမ္ဘာလုံးဆိုင်ရာ အီလက်ထရောနစ် အမှတ်တံဆိပ်တွေဖြစ်တဲ့ LG ၊ Samsung ၊ Sony တို့ရဲ့ ထောက်ခံအားပေးမှုမရဘူးဆိုရင်တော့ GPMI စနစ် တွင်ကျယ်လာဖို့ မလွယ်ကူပါဘူး။
Ref: China unveils GPMI cable aiming to dethrone HDMI
NZ ( ရိုးရာလေး)