တရုတ် (တိုင်ပေ)ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုက စစ်ပွဲလိုလားရာရောက်တယ်လို့ တရုတ်နိုင်ငံ သတိပေး

29-1-2021-yyl-23.jpg

တရုတ် (တိုင်ပေ)က ကိုယ်ပိုင်လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ဖို့ ကြိုးပမ်းနေတာဟာ စစ်ပွဲလိုလားတဲ့ အဓိပ္ပာယ်သက်ရောက်တယ်လို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံက တိုင်ပေကျွန်းအနီးတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး စစ်လေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တရုတ် (တိုင်ပေ)ကို ခွဲထွက်ထားတဲ့ ပြည်နယ်တစ်ခုအဖြစ် သဘောထားပေမဲ့ တရုတ်(တိုင်ပေ)ကတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ခံယူထားပါတယ်။

” တရုတ် (တိုင်ပေ)ရဲ့ လွတ်လပ်ရေးကြိုးပမ်းနေတဲ့ အင်အားစုတွေကို ပြောချင်တာကတော့ မီးနဲ့ကစားသူတွေ မီးလောင်ခံရမယ်ဆိုတာပါပဲ။ တရုတ် (တိုင်ပေ)ရဲ့ ကိုယ်ပိုင်လွတ်လပ်ရေး ရယူမှုက စစ်ပွဲလိုလားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချင်းက ပြောပါတယ်။

ဒေါ်နယ်ထရမ့်လက်ထက်မှာ တရုတ် (တိုင်ပေ)ကို စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးခဲ့သလို အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့အစိုးရကလည်း တရုတ် (တိုင်ပေ)ရဲ့ ကာကွယ်ရေး စွမ်းဆောင်မှုကို ပံ့ပိုးပေးမယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်အစိုးရသစ်ဟာ လူ့အခွင့်အရေး၊ ကုန်စည်ပဋိပက္ခ၊ ဟောင်ကောင်အရေး၊ တရုတ် (တိုင်ပေ) အရေးတွေ အပါအဝင် အရေးကိစ္စ တော်တော်များများနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ဖိအားဆက်ပေးဖွယ်ရှိတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

Ref: BBC ” China warns Taiwan independence ‘means war’ as US dismisses comments “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top