သင်္ချာနဲ့ သိပ္ပံဆိုင်ရာသင်ခန်းစာတွေကို TikTok သုံးပြီး ပို့ချတဲ့ဆယ်ကျော်သက်ကောင်လေး

28-5-2020-yyl-024.jpg

ယနေ့ခေတ်မှာ Dance Challenge တွေလုပ်ဖို့ ဟာသဗီဒီယိုလေးရိုက်ဖို့ TikTok ကို အသုံးပြုဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ ငယ်ရွယ်တဲ့ကြည့်ရှုသူတွေကို ပညာရစေမယ့် ဗီဒိယိုတွေတင်ဖို့အတွက်သာ TikTok ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ နယူးယောက်မြို့က အသက် (၁၆) နှစ်အရွယ် အယ်လစ် လိုဗီရက်ဇ်ဟာ သင်ယူလိုစိတ်ရှိတဲ့ကလေးတွေနဲ့ ဆက်သွယ်နိုင်ဖို့ လူမှုကွန်ယက်အကောင့်ကို သုံးဖို့ဆုံးဖြတ်ခဲ့တာပါ။ ဖေဖော်ဝါရီလလယ်မှာ သူက ခက်ခဲတဲ့သိပ္ပံတွေကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ရှင်းပြပို့ချတဲ့ TikTok ဗီဒီယိုကို စတင်ခဲ့ပါတယ်။ အဲဒီကတည်းက သူ့ရဲ့သင်ခန်းစာတွေကြောင့် TikTok Tutor ဆိုတဲ့နာမည်ခဲ့ပြီး လူအများအပြားရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

လတော်တော်ကြာမှာ လိုဗီရက်ဇ်က သင်္ချာ၊ ပထဝီ၊ ဓာတုဗေဒ၊ ရုပဗေဒနဲ့ပတ်သက်တဲ့ ခေါင်းစဉ်တွေပါဝင်တဲ့ ဗီဒီယို (၁၀၀) ကျော်ရှိလာခဲ့ပါတယ်။ လူတော်တော်များများက ရှုပ်ထွေးတဲ့အယူအဆတွေကို ရိုးရှင်းတဲ့နည်းနဲ့ရှင်းပြနိုင်တဲ့အတွက် သူ့ကို ချီးမွမ်းနေကြပါတယ်။ သူက အက္ခရာသင်္ချာနဲ့ ပထဝီသင်ခန်းစာတွေကို စီးရီးလိုက် သင်ကြားပို့ချတာလည်းရှိပါတယ်။ ကြည့်ရှုသူတွေက လိုဗီရက်ဇ်ရဲ့ပို့ချတဲ့ခေါင်းစဉ်တွေကိုလည်း အရမ်းအဆင်ပြေတဲ့ပညာရေးဖြစ်တဲ့အတွက် မဲပေးလာကြပါတယ်။ သူ့သင်ခန်းစာတွေက Follower များအောင်လုပ်နိုင်သလို ကြည့်ရှုနှုန်းလည်း မြှင့်တတ်လာစေပါတယ်။ အခုဆိုရင် TikTok မှာသူက Follower (၆၆၄,၀၀၀) ကျော်နဲ့ Like (၆) သန်းရှိနေပါပြီ။ သူ့ရဲ့ပရိသတ်တွေက အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဖိလစ်ပိုင်ကဖြစ်တယ်လို့လည်း လိုဗီရက်ဇ်က ဆိုပါတယ်။

လိုဗီရက်ဇ်က အခုလို Follower များလာတဲ့အတွက် အံ့အားသင့်ခဲ့ရပါတယ်။ သူ့ဗီဒီယိုတွေက မေ့သွားတဲ့သင်ခန်းစာတွေကို ပြန်မှတ်မိလာစေတဲ့အပြင် အက္ခရာသင်္ချာတွေကိုလည်း သေချာနားလည်သဘောပေါက်လာစေပါတယ်။ သူ့မိဘတွေက သူ့သား တိုးတတ်နေတာမြင်ရတဲ့အတွက် အံ့သြဝမ်းသာဖြစ်ရပြီး ကျောင်းသင်ခန်းစာတွေနဲ့ပတ်သက်ပြီး သူ့သား ကူညီပေးနေတာကို ဂုဏ်လည်းဂုဏ်ယူနေပါတယ်။ သူ့အမေက လိုဗီရက်ဇ် ဒီထက်ပိုလုပ်နိုင်မယ်လို့ အသေအချာယုံကြည်ထားပါတယ်။

လိုဗီရက်ဇ် အွန်လိုင်းပညာရေးစနစ်အဖြစ် YouTube, Discord channel, Google Classroom တွေကို မကြာသေးခင်မှ ဖွင့်ထားပါတယ်။ စာလေ့လာသင်ယူနိုင်ဖို့အတွက် အပတ်တိုင်း (၃) နာရီ Live session ကိုလည်း တင်ဆက်ပေးနေပါတယ်။ လိုဗီရက်ဇ်က COVID-19 Lockdown ကာလမတိုင်ခင်ကတည်းက သင်ကြားပို့ချခဲ့တာဖြစ်ပါတယ်။ အခုလိုကာလမှာ ပညာရေးသင်ကြားရဖို့ လိုအပ်ပါတယ်။ သင်ကြားရေးစနစ်ကလည်း ပုံစံပြောင်းလဲသွားရပါတယ်။ လိုဗီရက်ဇ်က အခုကာလအတွင်းမှာ ပညာသင်ကြားလိုစိတ်ရှိနေတဲ့သူတွေကို ကူညီပေးနေတာလည်းဖြစ်ပါတယ်။

လိုဗီရက်ဇ်ရဲ့ TikTok အကောင့်

Ref: This 16 Y.O. Uses TikTok To Tutor His 600k Followers Math And Science

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top