မြန်မာရှေးဟောင်းရုပ်ရှင် ‘ငဘ’ကို တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်နည်း နဲ့ ပြောင်းလဲပြုပြင်ပေးမယ်

24-8-2020-yyl-002.jpg

တရုတ်- မြန်မာသံတမန် ဆက်ဆံရေးထူထောင်တဲ့ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာရှေးဟောင်းရုပ်ရှင် ‘ငဘ’ ဇာတ်ကားကို ဒစ်ဂျစ်တယ်နည်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာ့ရုပ်ရှင်ဟောင်း ကော်ပီတွေကို ရှာဖွေရင်း လတ်တလောမှာ တွေ့ရှိနေတဲ့ မြန်မာ့ ရုပ်ရှင် ‘ငဘ’ ဖလင်ကော်ပီကို ဒစ်ဂျစ်တယ်နည်းနဲ့ ပြုပြင်မှုတွေ စတင်လုပ်ဆောင်နေကာ မြန်မာနိုင်ငံအား လက်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

‘ငဘ’ ရုပ်ရှင် ဟာ ဖိနှိပ်ခံလယ်သမားတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ပုံဖော်ထားတဲ့ ဇာတ်ကား ဖြစ်ပြီး ညွန့်မောင်၊ မေနွဲ့၊ ကြည်ရွှင်၊ ပဲခူးမယ်မြင့် တို့က ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ စာရေးဆရာ မောင်ထင် ရဲ့ ‘ငဘ’ ဝတ္ထုကို ဒါရိုက်တာ ချစ်ခင် က ၁၉၆၁ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top