USAID ကပေးတဲ့ လင်ကွန်းပညာသင်ဆု မြန်မာကျောင်းသား (၁၄) ဦးရရှိ

17-8-2020-yyl-008.jpg

အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)က ပေးတဲ့ လင်ကွန်းပညာသင်ဆု ပထမအသုတ်မှာ မြန်မာ ကျောင်းသား (၁၄) ဦး က ပညာသင်ဆု ရရှိခဲ့တယ်လို့ အမေရိကန်သံရုံးကသတင်း ထုတ်ပြန်လိုက်ပါတယ်။ လင်ကွန်းပညာတော်သင် ပထမဆုံးအသုတ်မှာ ရှမ်းပြည် နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ အမျိုးသမီး ကိုးဦးနဲ့ အမျိုးသားငါးဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လင်ကွန်းပညာတော်သင် ဆုရရှိသူ (၁၄) ဦးဟာ အမေရိကန်နိုင်ငံရှိ တက္ကသိုလ် (၁၀) ခုမှာ မဟာဘွဲ့တက်ရောက်ရန် သြဂုတ်လအတွင်း ထွက်ခွာသွားမှာဖြစ်ပါတယ်။ လင်ကွန်းပညာသင်ဆု အစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ (၁၆) ဦး မြောက်သမ္မတ အေဘရာ ဟမ်လင်ကွန်းကို ဂုဏ်ပြုကာ အမည်ပေးထားတာဖြစ်ပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top