စွမ်းဆောင်ရည် အမြင့်မားဆုံး Neo QLED 8K အပါအဝင် နောက်ဆုံးပေါ် TV မော်ဒယ်သစ်များနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား Samsung Myanmar စတင်မိတ်ဆက်

2.6.2023-yyl-5.jpg

၁၇ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် TV ထုတ်လုပ်ရောင်းချသူ အဖြစ် ဦးဆောင်နေသည့် Samsung Electronics ၏ နောက်ဆုံးပေါ် ၂၀၂၃ ခုနှစ်ထုတ် TV မော်ဒယ် အမျိုးအစားသစ်များနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အား မြန်မာနိုင်ငံတွင် Unbox & Discover 2023 (More Wow Than Ever) အခမ်းအနားကြီးနှင့်အတူ ယနေ့စတင် မိတ်ဆက်ခဲ့သည်။

အဆိုပါ Unbox & Discover 2023 အခမ်းအနားကြီးတွင် စွမ်းဆောင်ရည် အမြင့်မားဆုံး Neo QLED 8K TV အပါအဝင် သူမတူသော ရုပ်သံကြည့်ရှုမှု အတွေ့အကြုံများအား ပေးအပ်သွားနိုင်မည့် ၂၀၂၃ ခုနှစ်ထွက် TV မော်ဒယ်သစ်များ၊ ဆန်းသစ်လှပသော BeSpoke ရေခဲသေတ္တာ၊ မြန်မာနိုင်ငံအတွက် အထူးသီးသန့် ထုတ်လုပ်ပေးထားသော Built for Myanmar ရေခဲသေတ္တာများနှင့် အဝတ်အထည်များကို မထိခိုက်စေသည့် EcoBubble အဆင့်မြင့် နည်းပညာပါဝင်သည့် Built for Myanmar အဝတ်လျှော်စက် အစရှိသည့် ထုတ်ကုန်များအား တက်ရောက်လာသူများ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်အသုံးပြုနိုင်ရန် မိတ်ဆက်ပြသခဲ့သည်။

အသေးငယ်ဆုံး အစက်အပြောက်များ အပါအဝင် ပုံရိပ်တိုင်းအား အသေးစိတ် ကြည်လင်ပြတ်သားစွာ ပြသပေးနိုင်သည့် Quantum Matrix Technology နည်းပညာနှင့် အခြားသူမတူသော စွမ်းဆောင်ရည် အမြင့်မားဆုံး လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့် အပါးလွှာဆုံး ဘေးဘောင်မဲ့ TV များ ဖြစ်ကြသည့် Neo QLED 8K (85” – ကျပ် 20,099,000 သိန်း ၊ 75” – ကျပ် 17,579,000 သိန်း၊ 65” – ကျပ် 12,520,000 သိန်း)

နှင့် Neo QLED 4K (85” – ကျပ် 10,343,000 သိန်း၊ 75” – ကျပ် 7,364,000 သိန်း၊
65” – ကျပ် 5,534,000 သိန်း၊ 55” – ကျပ် 4,076,000 သိန်း)

  • Quantum Dot နည်းပညာ၏ အကူအညီဖြင့် တောက်ပပြီး သဘာဝကျသည့် ရုပ်ထွက်အရည်အသွေးကို ရရှိစေမည့် အပြင် သာမာန်ရုပ်ထွက်နှင့် အသံအရည်အသွေးများကိုပင် အကောင်းဆုံး 4K အဆင့် ရရှိစေနိုင်ရန် AI ဖြင့် အဆင့် မြှင့်တင်ပေးနိုင်သည့် ထုထည်အလွန်ပါးလွှာသည့် OLED TV (77” – ကျပ် 14,678,000 သိန်း၊ 65” – ကျပ် 9,341,000 သိန်း၊ 55” – ကျပ် 6,440,000 သိန်း)
  • Quantum Processor 4K လုပ်ဆောင်ချက်နှင့် အတူ ၁၀၀% အရောင်ထွက် အရည်အသွေး အပြည့်အဝရ ရှိနိုင်ပြီး Motion Xcelerator ပါဝင်၍ ဂိမ်းများကို လျှင်မြန်သွက်လက်စွာ စိတ်ကြိုက်ဆော့ကစားနိုင်သည့် QLED TV
  • Pur-color အသုံးပြုထားသောကြောင့် ကာလာအရောင်အသွေးကြွယ်ဝစွာဖြင့် သဘာဝနှင့် အနီးစပ်ဆုံး ထပ်တူ ကျသည့် ပုံရိပ်များကို ပြသပေးနိုင်သည့်အပြင် Crystal Processor 4K ကြောင့် ရုပ်ထွက်တိုင်းကို 4K Resolution အစစ်ဖြင့် ခံစားကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံမှ အသုံးပြုသူများ အကြိုက်နှစ်သက်ဆုံး UHD TV
  • လှပဆန်းသစ်၍ သူမတူသော စမတ်ကျကျ လူနေထိုင်မှု စနစ် ရရှိစေရန် ကူညီပံ့ပိုးပေးနိုင်မည့် The Freestyle, The Frame, The Serif နှင့် The Sero စသည့် LIFESTYLE တီဗွီအမျိုးအစားများ
  • ထူးခြားဆန်းသစ်လှပခေတ်မှီသည့် ဒီဇိုင်းနှင့် AI နည်းပညာအသုံးပြု BeSpoke ရေခဲသေတ္တာများ
  • မီးအားပျက်တောင်သွားသော်လဲ အအေးခန်းရှိ အစားအသောက်များအား လတ်ဆတ်နေစေရန် ၁၂နာရီကြာ အအေးထိန်းပေးထားနိုင်မည့် Cool Pack ပါဝင်သော မြန်မာနိုင်ငံအတွက် အထူးသီးသန့် ထုတ်လုပ်ပေးထားသော Built for Myanmar ရေခဲသေတ္တာများ
  • သာမန်ထက် ၅၀% ပိုမိုလျှင်မြန်စွာ လျှော်ဖွတ်နိုင်ပြီး အထူးသန့်ရှင်း စင်ကြယ်စေသည့် AI Control ပါဝင်သည့် Front Load အဝတ်လျှော်စက်များ
  • လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို သာမာန်ထက် ၆၀% ရေသုံးစွဲမှုကို ၁၉ % လျှော့ချပေးရုံမက အဝတ်အထည်များကို မခိုက်စေသော မော်တာ အာမခံနှစ် ၂၀အထိ ပေးထားသည့် Built for Myanmar အဝတ်လျှော်စက်များ . . . . အစရှိသည့် ပစ္စည်းသစ်များကို မိတ်ဆက်ပေးခဲ့သည်။

ယခုမိတ်ဆက်ခဲ့သည့် Samsung ၏ နောက်ဆုံးပေါ် TV မော်ဒယ်များအား ကြိုက်နှစ်သက်ရာ မျက်နှာပြင် အရွယ်အစား အလိုက် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ အဆိုပါ TV များအပါအဝင် BeSpoke ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် စသည့် နောက်ဆုံးပေါ် ထုတ်ကုန်သစ်များအားလုံးကို Early Order ကာလဖြစ်သည့် ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၁ ရက်အတွင်း ဝယ်ယူသူများ အနေနှင့် ဝယ်ယူသည့် TV အလိုက် Samsung အမှတ်တံဆိပ် Sound Bar များအပါအဝင် အထူးဆု လက်ဆောင်များ၊ ဝယ်ယူသည့် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များအလိုက် Samsung အမှတ်တံဆိပ် Microwave, Power Stick, Vacuum Cleaner, ငွေသားလက်ဆောင် အစရှိသည်တို့ကို ရရှိသွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနား၌ နောက်ဆုံးပေါ်ထုတ်ကုန်သစ်များအပြင် မြန်မာနိုင်ငံနှင့် အထူးကိုက်ညီမှုရှိစေရန် ရည်ရွယ်ထုတ်လုပ် ပေးထားသည့် ဈေးနှုန်းသက်သာသည့် Built For Myanmar မော်ဒယ်များဖြစ်သော

  • လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို ၅၀% ပိုမိုလျှော့ချပေးနိုင်ပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့လျှင်ပင် အအေးဓာတ်ကို ၁၂ နာရီကြာ ထိန်းပေးထားနိုင်မည့် Cool Pack ပါဝင်သည့် ရေခဲသေတ္တာ
  • လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို ၆၀% ရေသုံးစွဲမှုကို ၁၉ % အထိ ပိုမိုလျှော့ချပေးသည့်အပြင် အဝတ်အစားထိခိုက်မှုကို ၂၀% လျှော့ချ ကာကွယ်ပေးနိုင်သည့် Eco Bubble နည်းပညာ ပါဝင်သည့် အဝတ်လျှောစက်

အစရှိသည့် ထုတ်ကုန်များကိုလည်း ဧည့်သည်တော်များ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ရှုနိုင်စေရန်အတွက် အခမ်းအနား တွင် ခင်းကျင်းပြသပေးထားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top