ရခိုင်ပြည်နယ်ရှိ IDP စခန်းနဲ့ တိုက်ပွဲရှောင်စခန်းတွေအတွက်ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင် ကျော်ထောက်ပံ့

24-8-2020-yyl-005.jpg

ရန်ကုန် ဩဂုတ် ၂၃

COVID-19 စီးပွားရေးကုစားမှုအစီအစဥ◌်နဲ့ ရောဂါကာကယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအစီအစဥ◌်တွေ အရ ရခိုင်ပြည်နယ်ရှိ IDP စခန်းတွေနဲ့ တိုက်ပွဲရှောင်စခန်းတွေအတွက် ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော် ထောက်ပံ့ပေးအပ်ပြီးဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလိုထောက်ပံ့ရာမှာ နေရပ်စွန့်ခွာဒုက္ခသည်စခန်း(IDP)တွေနဲ့ တိုက်ပွဲရှောင်စခန်းတွေမှာရှိတဲ့ အိမ်ထောင်စု ၄၀၁၀၃(လေးသောင်းကျော်)အတွက် စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့ ငွေကျပ် ၁,၆၀၄,၁၂၀,၀၀၀ိ/- (ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော်)ကို ထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီစခန်းတွေက ပိုးတွေ့လူနာနဲ့ သံသယလူနာတွေကို သီးခြားထားရှိဖို့ ယာယီအဆောက်အဦ Long House အလုံး(၃၀) ဆောက်လုပ်နိုင်ရေးအတွက် စုစုပေါင်းငွေကျပ် ၂၆၆,၄၀၀,၀၀၀ိ/-(ကျပ်သိန်းပေါင်းနှစ်ထောင့် ခြောက်ရာကျော်)ကိုလည်း တစ်ပါတည်းထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထောက်ပံ့ငွေတွေကို လူကယ်ပြန်ဝန်ကြီးဌာနရဲ့ အစီအစဥ◌်အရ ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့ထံကို ဩဂုတ် ၂၂ ရက်၊ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – လူကယ်ပြန်ဝန်ကြီးဌာန

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top