နှစ်ကုန်မှာ ဈေးကွက်ထဲ ရောက်ရှိလာမယ့် တရုတ်နိုင်ငံရဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး

19-8-2020-yyl-010.jpg

တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီတစ်ခုက ဖော်စပ်ခဲ့တဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးဟာ ဒီဇင်ဘာလအကုန်မှာ ဈေးကွက်ထဲ ရောက်လာဖို့ရှိနေပါတယ်။ နှစ်ကြိမ်ထိုးရမယ့် ကိုဗစ်ကာကွယ်ဆေးအတွက် ယွမ် ၁၀၀၀ နီးပါး(အမေရိကန်ဒေါ်လာ ၁၄၄ ဒေါ်လာ)ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီကာကွယ်ဆေးကို The Wuhan Institute of Biological Products က ဖော်စပ်ထားတာပါ။ ပြည်ပနိုင်ငံတွေမှာ အဆင့်(၃) စမ်းသပ်ထိုးနှံမှုလုပ်ငန်း ပြီးမြောက်အောင်မြင်ရင် ဈေးကွက်ဆိုင်ရာ ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ်တွေ စတင်မယ်လို့ တရုတ်အမျိုးသားဆေးဝါးလုပ်ငန်းစု (Sinopharm)ဥက္ကဋ္ဌ လျူကျင်းကျန်က ပြောပါတယ်။

တရုတ်နိုင်ငံသား ၁.၄ ဘီလျံလုံး ကာကွယ်ဆေးထိုးစရာ မလိုအပ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေ၊ မြို့ကြီးတွေမှာ အလုပ်လုပ်နေသူတွေပဲ ကာကွယ်ဆေးထိုးသင့်တယ်လို့ လျူက ပြောပါတယ်။ ကာကွယ်ဆေး ထွက်လာရင် ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အခမဲ့ ထိုးခွင့်ရဖွယ်ရှိပြီး တခြားသူတွေကတော့ ကိုယ့်စရိတ်နဲ့ ကိုယ်ထိုးရဖွယ်ရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

Sinopharm ဆေးဝါးလုပ်ငန်းစုဟာ ပြီးခဲ့တဲ့ဇူလိုင်လနှောင်းပိုင်းကစတင်ပြီး အစိုးရပိုင် ဆေးရုံတချို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှုမှာ ပါဝင်ကြဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက ဇီဝဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိ စစ်ဆေးပြီးစီးပြီး ထုတ်လုပ်ဖို့ အသင့်ဖြစ်ပြီဆိုရင် ဘေဂျင်းမြို့မှာရှိတဲ့ စက်ရုံကနေ တစ်နှစ်ကို ကာကွယ်ဆေးအဖုံ သန်း ၁၂၀ အထိ ထုတ်လုပ်နိုင်ပြီး ဝူဟန်မြို့မှာရှိတဲ့ စက်ရုံက တစ်နှစ်ကို ဆေးအဖုံ သန်း ၁၀၀ ထုတ်လုပ်နိုင်လိမ့်မယ်လို့ လျူကျင်းကျန်က ပြောပါတယ်။

Ref: GlobalTimes ” COVID-19 vaccine ready by December, two shots to cost less than $144: Sinopharm chief”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top