အသက် ၃၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ တရုတ်မင်းသားချော ကျင်ဇီ

260606_jin-ze.png

နာမည်ကြီးတရုတ်မင်းသားချော ကျင်ဇီဟာ ဇွန်လ ၄ ရက်နေ့က ဟန်ကျိုးမြို့ ရှိ သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၃၃ နှစ်ရှိပါပြီ။

သူ သေဆုံးသွားပြီဆိုတာကို သူ့ရဲ့အေဂျင်စီက ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ အေဂျင်စီက သူ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ ထုတ်ပြောမထားပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ကောလာဟာလတွေမဖြန့်ကျဖို့တော့ တောင်းဆိုထားပါတယ်။

ကျင်ဇီက မော်ဒယ်အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ်က Music show တစ်ခုဖြစ်တဲ့ I Can See Your Voice မှာ ပါဝင်ခဲ့ပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့တာပါ။ သူ့ရဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေကတော့ Helo Joann (2019)၊ Forget You, Remember Love (2020) နဲ့ Legally Romance (2022 ) တို့ပါ။

Ref: Chinese actor Jin Ze dies aged 33

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top