ကလေး ၂၂ ယောက်ရှိတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး

7-9-2021-yyl16.jpg

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ အမျိုးသမီးငယ်လေးတစ်ဉီးကတော့ ကလေး ၂၂ ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဉီးဖြစ်နေပါတယ်။ သူဟာ ကလေး ၂၂ ယောက်ကို ပိုင်ဆိုင်ထားလည်း နောက်ထပ် ကလေးလိုချင်နေသေးတယ်လို့ သိရပါတယ်။ ကလေး ၂၂ ယောက်နဲ့တင် ရပ်တန့်မယ်ပုံမပေါ်ပါဘူး။

ရရှားနွယ်ဖွား ခရစ်တီနာ အောစကာခ် (Christina Ozturk) ဟာ အသက် ၁၇ နှစ်မှာ သမီးဉီးလေးကို သဘာဝအတိုင်းပဲ မွေးဖွားခဲ့ပါတယ်။ ကလေး ၂၁ ယောက်ကိုတော့ အငှားကိုယ်ဝန်နဲ့ မွေးဖွားခဲ့တာပါ။ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရပ်ခြားအပန်းဖြေခရီးထွက်ရင်း သူ့ခင်ပွန်း ဂါလစ်ပ် (Galip) နဲ့ ဂျော်ဂျီယာမှာ တွေ့ဆုံခဲ့ပြီး အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ကြတာပါ။ အဲဒီနောက်မှာ မြန်မြန်ဆန်ဆန်ပဲ ကြီးမားတဲ့မိသားစုကြီးဖြစ်လာခဲ့ပါတယ်။

အခု သူတို့ဇနီးမောင်နှံက ကလေး (၂၂) ယောက်ကို ဂရုစိုက်ပေးတဲ့ နာနီ ၁၆ ယောက်နဲ့ ဘာတူမီမြို့မှာ နေထိုင်နေပါတယ်။ ခရစ်တီနာက သူ့ရဲ့ကလေးတွေရှိလာဖို့ အငှားကိုယ်ဝန်ဆောင်ရာမှာ ပေါင် ၁၃၈,၀၀၀ ဝန်းကျင် ကုန်ကျခံခဲ့ရပါတယ်။ “ကလေးတွေအများကြီးရှိဖို့က ငယ်ငယ်လေးကတည်းက အိပ်မက်မက်ခဲ့ရတာပါ။ ကျွန်မရဲ့ခင်ပွန်းကလည်း မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့မိသားစုရှိချင်ခဲ့တာပါ။ ကျွန်မတို့ တွေ့ဆုံပြီးတဲ့နောက်မှာ ကျွန်မတို့ရဲ့အိပ်မက်တွေကို စပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ရိုမန့်တစ်ဆန်တဲ့ဆက်ဆံရေးက ပြောင်းလဲသွားပေမဲ့ မိသားစုဝင်အများကြီးတော့ရှိလာခဲ့ပါပြီ။ ကျွန်မတို့က ကမ္ဘာပေါ်မှာ အကြီးမားဆုံးမိသားစုဖြစ်မလားဆိုတာတော့ မသေချာပါဘူး။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးမိသားစုဖြစ်ရပါမယ်” လို့ ခရစ်တီနာက ဆိုပါတယ်။

အငှားကိုယ်ဝန်ဆောင်တာကနေ ကလေးရှိရတာက သူမအတွက် ပျော်ရွှင်ရပြီး သူ့မိသားစုမှာ ကလေးတွေပိုပြီးရှိလာတာမြင်ရတာကို စိတ်လှုပ်ရှားရတယ်လို့ ဆိုပါတယ်။ ကလေးတွေအားလုံးအတွက် အစစအရာအရာဖြည့်ဆည်းပေးဖို့အတွက် တစ်ပတ်ကို ပေါင် ၃၅၀၀ ကနေ ပေါင် ၄၂၀၀ ကုန်ကျတယ်။ တစ်ခါတလေ ကုန်ကျစရိတ်က ဒီထက်များသလို တစ်ခါတလေကျတော့လည်း နည်းတယ်။ နာနီတွေကိုလည်း တစ်ပတ် ပေါင် ၃၅၀ ပေးရတယ်လို့ သိရပါတယ်။

Ref: Ladbible “24-Year-Old Woman Has 22 Children And Wants To Have More “

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top