အမြင်မှားစေမယ့် အနုပညာလက်ရာတွေ ဖန်တီးသူ

17-10-2022-yyl-45.jpg

သစ်ပင်တွေ၊ လမ်းမီးတိုင်တွေ၊ လမ်းညွှန်ဆိုင်းဘုတ်တွေကို နောက်ခံမြင်ကွင်းနဲ့ ရောစပ်သွားစေမယ့် အနုပညာလက်ရာတွေ ဖန်တီးခဲ့သူကတော့ ချန်ကျိုးမြို့မှာ နေထိုင်တဲ့ ၃၃ နှစ်အရွယ် တရုတ်နိုင်ငံသား ဟွမ်ယောင်ပါပဲ။ သူက 3D လက်ရာတွေ ဖန်တီးသူပါ။

သူ့ရဲ့ဖန်တီးမှုတွေက အဓိကကတော့ နောက်ခံမြင်ကွင်းနဲ့ တစ်သားတည်း ဖြစ်သွားအောင် လုပ်ဖို့ပါပဲ။ ဒါမှပဲ မျက်စိကို လှည့်စားနိုင်မယ့် ပုံရိပ်တွေ ဖော်ဆောင်နိုင်မှာလို့ ဟွမ်ယောင်က ဆိုပါတယ်။

ကိုဗစ်-၁၉ ကြောင့် ပိတ်ဆို့မှုတွေ စတင်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်းကစပြီး ဟွမ်ယောင်က အခုလိုတွေ ရေးဆွဲခဲ့တာပါ။ သူ့ရဲ့ ဖန်တီးမှု ၃၀ လောက်ကိုလည်း လူမှုကွန်ရက်ပေါ် တင်ထားပါတယ်။ တော်တော်လည်း လူကြိုက်များခဲ့ပါတယ်။ ပရိသတ် သန်းချီ ရှိနေသူပါ။

Ref: Chinese Artist Hides Optical Illusions in Plain Sight

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top