UK ရဲ့အကြီးဆုံးရွှေတုံးကြီးကို စကော့တလန်မြစ်ထဲက တွေ့ရှိ

yyl-022-4.jpg

စတေကာ့တလန်မြစ်ထဲကနေ ရွှေတုံးကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထွက်ရှိလာတဲ့သတင်းအရ သိရပါတယ်။ အဲဒီရွှေတုံးကြီးက အလေးချိန် (၁၂၁.၃) ဂရမ်ရှိပြီး ယူကေနိုင်ငံရဲ့အကြီးဆုံးရွှေတုံးဖြစ်တယ်လို့လည်း ရွှေတူးဖော်သူတွေက ယူဆထားကြပါတယ်။ အဲဒီရွှေတုံးကို အပိုင်းနှစ်ပိုင်းအဖြစ် မေလက ကျောက်မျက်ရတနာတူးဖော်သူတွေက တွေ့ရှိခဲ့တာဖြစ်ပြီး “The Reunion Nugget” လို့တောင် အမည်နာမပေးခဲ့ကြပါတယ်။

ဒီရွှေတုံးကို စကော့တလန်ကလို့ သက်သေပြနိုင်မယ်ဆိုရင် ၂၀၁၆ခုနှစ်က တွေ့ရှိခဲ့တဲ့ အလေးချိန် ၈၅.၇ ဂရမ် “Douglas Nugget” အမည်ရရွှေတုံးထက် ယူကေရဲ့အကြီးဆုံးရွှေတုံးဖြစ်သွားမှာပါ။ ရွှေတုံးအပိုင်းနှစ်ပိုင်းလုံးက ရွှေတုံးတစ်ခုတည်းကဖြစ်ပုံရပြီး တစ်ခုက (၈၉.၆) ဂရမ်၊ နောက်တစ်ခုက (၃၁.၇) ဂရမ်ရှိပါတယ်။ အဲအပိုင်းနှစ်ခုကို ဆက်ကြည့်လိုက်ရင် “ရုပ်ဆက်ဂိမ်း” လို့ပဲ လုံးဝအံ့ဝင်ခွင်ကျဖြစ်ပါတယ်။ အဲဒီရွှေတုံးက ကျောက်ဆောင်နဲ့တိုက်မိပြီး နှစ်ပိုင်းပိုင်းသွားတာဖြစ်နိုင်တယ်လို့ ရွှေအကြောင်းရေးတဲ့စာရေးဆရာ လီ ပယ်မား (Lee Palmer) က ပြောပါတယ်။

ရွှေအကြောင်းကျွမ်းကျင်သူ နေးလ် ကလက်ခ် (Neil Clark) ကတော့ စကော့တလန်နိုင်ငံမှာ ရွှေတွေတူးဖော်လို့ရတဲ့နေရာ (၃၀၀) ကျော်ရှိတဲ့အတွက် ဒီရွှေတုံးက ဘယ်နေရာကလည်းဆိုတာကို သက်သေပြဖို့ ခက်ခဲမှာဖြစ်တယ်လို့ ဆိုပါတယ်။

“သဘာဝအလျောက်တွေ့ရတဲ့ ရွှေတစ်ခုတည်းရှိတဲ့အတွက် ဘယ်နေရာကလာလဲဆိုတာ ပြောဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အခြေခံအားဖြင့်ရွှေက ရွှေပါပဲ။ ရွှေအပိုင်းအစတစ်ခုက ဘယ်နေရာကလာလည်းဆိုတာသိရဖို့ တစ်ခုတည်းသောနည်းက ရွှေရဲ့မသန့်စင်မှုကို ခြေရာခံကြည့်ဖို့ပါပဲ။ ဒါပေမဲ့ ဒါက အတော်လေးခက်ခဲပါတယ်” လို့ နေးလ် ကလက်ခ်ကပြောပါတယ်။

ဒီရွှေတုံးကြီးကို လန်ဒန်မြို့ရဲ့ Natural History Museum (ဒါမှမဟုတ်) the National Museum of Scotland” မှာ ခင်းကျင်းပြသဖို့ မျှော်လင့်ရပါတယ်။

Ref: CNN ” ‘UK’s largest gold nugget’ found in a Scottish river”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top