တရုတ်နိုင်ငံမှာ အမေရိကန်ဒေါ်လာ (၁.၇) ဘီလျံကုန်ကျမယ့် ကမ္ဘာ့အကြီးဆုံးဘောလုံးကွင်းတည်ဆောက်နေပြီ

22-4-2020-yyl-001.jpg

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု နှေးသွားဖို့အတွက် တင်းတင်းကျပ်ကျပ် Lockdown ချခဲ့တဲ့အတွက် ကူးစက်ခံရသူတွေ တဖြည်းဖြည်းနဲ့ လျော့နည်းသွားခဲ့ပါတယ်။ အဲဒီလို ကူးစက်ခံရမှုနှုန်းနည်းသွားတာကြောင့် တရုတ်ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ Guangzhou Evergrande က ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးဘောလုံးကွင်းဖြစ်လာမယ့် လူ (၁၀၀,၀၀၀) ဆံ့ဘောလုံးကွင်းကို စတင်အကောင်အထည်ဖော်နေပြီလို့ Guangzhou Evergrande က ကြေညာခဲ့ပါတယ်။

ကြာပန်းပုံဒီဇိုင်းရှိတဲ့ ဘောလုံးကွင်းဟာ အမေရိကန်ဒေါ်လာ (၁.၇) ဘီလျံကုန်ကျမှာဖြစ်ပြီး၂၀၂၂ခုနှစ်ကုန်အပြီးဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ဆောက်လုပ်နေပြီး Sydney Opera House နဲ့ ဒူဘိုင်းက Burj Khalifa တို့နဲ့ ယှဉ်ရင် ကမ္ဘာ့အဆင့်အတန်းမီအထင်ကရ အဆောက်အအုံသစ်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။ Guangzhou Evergrande ဘောလုံးအသင်းဟာ ၂၀၁၁ခုနှစ်ကတည်းက လူ (၆၀,၀၀၀) ဆံံ့တဲ့Tianhe ဘောလုံးကွင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။

လူ (၁၀၀,၀၀၀) ဆံ့ဝင်တဲ့ပမာဏက လက်ရှိကမ္ဘာပေါ်မှာ အကြီးဆုံးဘောလုံးကွင်းဖြစ်တဲ့ ဘာစီလိုနာနိုင်ငံရဲ့ Camp Nou (လူ (၉၉,၃၅၄) ဝင်ဆံ့) ထက် သာလွန်သွားမှာဖြစ်ပါတယ်။ ဘောလုံးကွင်းရဲ့ဒီဇိုင်းက Evergrande Group ဥက္ကဌ Xu Jiayinရဲ့အမြင်နဲ့ ဖန်တီးထားတဲ့ အမေရိကန်ဒီဇိုင်နာ Hasan Syed ရဲ့လက်ရာဖြစ်ပါတယ်။ ကြာပန်းဒီဇိုင်းက ပန်းမြို့တော်အဖြစ် တင်စားထားတဲ့ ကွမ်ကျုံးပြည်နယ်ကနေ ယူထားတာဖြစ်ပါတယ်။ ဘောလုံးကွင်းမှာ VVIP (၁၆) ခန်း၊ VIP (၁၅၂) ခန်း၊ FIFA အတွက်နေရာ၊ ကစားသမားတွေအတွက် နေရာ၊ မီဒီယာတွေအတွက် နေရာ၊ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခန်းဆိုပြီး ပါဝင်ပါတယ်။

Evergrande က တရုတ်နိုင်ငံတစ်ဝှမ်းမှာ လူ(၈၀,၀၀၀) ကနေ (၁၀၀,၀၀၀) ဝင်ဆံ့တဲ့ ဘောလုံးကွင်း (၃)ခုနဲ့ (၅)ခုလောက် တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။ Guangzhou Evergrande က တရုတ်နိုင်ငံနဲ့ အာရှနိုင်ငံတွေမှာ အအောင်မြင့်ဆုံးဘောလုံးအသင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအသင်းက Chinese Super League ကို ရှစ်ကြိမ်ရရှိခဲ့ပြီး Asian Champions Leagues ကိုနှစ်ကြိမ်ရရှိခဲ့တဲ့ တစ်ခုတည်းသော တရုတ်ဘောလုံးအသင်းဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် Chinese Super League ကိုဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စတင်ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

Ref: Chinese club begins constructing world’s biggest soccer stadium for $1.7 billion

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top