အမှောင်ထဲမှာ အရောင်ထွက်နေမယ့် အစားအသောက်တွေကိုရောင်းချသွားမယ့် အလန်တာမြို့က စားသောက်ဆိုင်

a-glow-in-the-dark-ramen-shop-makes-food-that-looks-like-something-out-of-an-alien-world__452667_.png

ကြယ်တာရာအလင်းတန်းတွေကို စားသုံးခွင့်ရမယ်လို့ သင်စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ အဲဒီလိုစိတ်ကူးမျိုးရှိခဲ့တယ်ဆိုရင် အကောင်အထည်ဖော်ဖို့ အချိန်တန်ပါပြီ။ ဟုတ်ပါတယ်။ အမှောင်ထဲမှာ အနုမြူလိုလင်းနေတဲ့ ခေါက်ဆွဲ၊ ကော့တေးနဲ့ အခြားအစားအသောက်ပေါင်းများစွာရရှိနိုင်မယ့် စားသောက်ဆိုင်တစ်ဆိုင်ကို အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်က အတ်လန်တာမြို့မှာဖွင့်လှစ်လိုက်ပါပြီ။

အစားအစာသုံးဆောင်ရင်း အတွေ့အကြုံအသစ်အဆန်းတွေရရှိနိုင်မယ့် နကာမူရကီ (Nakamura.ke) လို့အမည်ရတဲ့ ထူးထူးဆန်းဆန်းစားသောက်ဆိုင်ဟာဆိုရင် ဒီဇိုင်နာ အေမီ ဆူကီ (Ami Sueki) လွန်ခဲ့တဲ့ သုံးနှစ်လောက်ထဲကမက်ခဲ့ရတဲ့ စိတ်ကူးယဉ်အိပ်မက်လည်း ဖြစ်ပါတယ်။ ဒီအိပ်မက်ကို Dashboard နဲ့ Zoo as Zoo အဖွဲ့အစည်းနှစ်ခု ပူးပေါင်းပြီး နကာမူရကီ အမည်ရတဲ့ စားသောက်ဆိုင်လေးအဖြစ်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

နကာမူရကီစားသောက်ဆိုင်စစဖွင့်တဲ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလနဲ့ ဖေဖဝရီလမှာ ရောင်းချခဲ့တဲ့ ညစာစားပွဲလတ်မှတ်တွေကတော့ အကုန်ရောင်းပြီးပြီလို့ ဆိုပါတယ်။ ညစာစားပွဲအတွက် စားပွဲတစ်ဝိုင်းစာကို (၇၅) ဒေါ်လာနဲ့ရောင်းချနေပြီး မြန်မာငွေနဲ့ဆိုရင်တော့ (၁၁၀,၀၀၀) ကျော်ကျော်လောက် ရှိနေပါတယ်။ စားပွဲခုံတစ်ခုံမှာ လူခြောက်ယောက်အထိ သုံးဆောင်နိုင်ပြီး အချိန်အားဖြင့် မိနစ် (၃၀) စာရရှိမှာ ဖြစ်ပါတယ်။ အဲဒီအချိန်အတောအတွင်းမှာ အရောင်တောက်ပနေတဲ့ အစားအသောက်တွေအပြင် ကော့တေးနဲ့ အခြားအစားအစာတွေကိုပါ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ အစားအသောက်တွေအားလုံးဟာ ဘေးထွက်ဆိုးကျိုးတစ်စုံတရာမရှိနေဘဲ စိတ်ချလက်ချသုံးဆောင်နိုင်ကြောင်း အာမခံထားပါတယ်။

ဆိုင်ရဲ့ အနူမြူအလင်းအပြင်အဆင်တွေကို စူးစမ်းလေ့လာချင်တဲ့သူတွေအတွက်တော့ အလန်တာမြို့အတွင်းက Space2 ဆိုတဲ့နေရာမှာ ပါတီပြုလုပ်ပေးသွားမှာဖြစ်ပြီး ဝင်ကြေးအနေနဲ့ တစ်ယောက်ကို ဒေါ်လာ (၁၀)၊ မြန်မာငွေတစ်သောင်းခွဲပတ်ဝန်းကျင်လောက် ကျသင့်မှာဖြစ်ပါတယ်။ အဲဒီပါတီပွဲကိုတော့ ဇန်နဝါရီ (၃၀) ရက်နေ့ကနေ ဖေဖဝါရီလ (၁၆) ရက်နေ့အထိ ပြုလုပ်ပေးသွားမှာပါ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ ညနေ (၆) နာရီကနေ ည (၁၁) အထိ ကျင်းပပေးသွားမှာဖြစ်လို့ ကြိုက်တဲ့ရက်ကို အေးဆေးရွေးချယ်ပြီး သွားလည်လို့ရပါတယ်။

ဆက်လက်ပြီး ၎င်းနကာမူရကီရဲ့ဆိုင်ခွဲတွေကို လော့စ်အိန်ဂျယ်လ် (Los Angeles)၊ လန်ဒန် (London)၊ မိုင်အာမိ (Miami)၊ နယူးယောခ့် (New York)၊ တိုကျို (Tokyo)၊ ဆို;လ်(Seoul)၊ ဆစ်ဒ်နီ (Sydney) နဲ့ ဒူဘိုင်း (Dubai) တို့မှာပါ ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိတယ်လို့ Dashboard နဲ့ Zoo as Zoo တို့က ဆိုထားပါတယ်။

Ref: thisisinsider.com “A glow-in-the-dark ramen shop makes food that looks like something out of an alien world”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top