ဂိမ်းစွဲပြီး ကျောင်းထွက်လိုက်တဲ့ ၁၂ နှစ်သားကို ဘဝအကြောင်းသိအောင် လက်တွေ့ပြခဲ့တဲ့ ကျောင်းဆရာ

7-6-2022-yyl09.jpg

အွန်လိုင်းဂိမ်း ကစားတာကို အရမ်းစွဲလန်းနေတဲ့ ၁၂ နှစ်အရွယ် ကျောင်းသား ယန်ဟာ လွန်ခဲ့တဲ့ ရက် ၂၀ ကစပြီး သူ့သဘောနဲ့သူ ကျောင်းထွက်လိုက်တယ်။ သူ့အမေက ဘယ်လိုပြောပြော လက်မခံဘူး။ သူ့အမေက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ကြမ်းလုပ်ရသူပါ။ ဒါပေမဲ့ ယန်က သူ့အမေ လုပ်ရတဲ့အလုပ်ကို ” ဘာ ပင်ပန်းလို့လဲ၊ လွယ်ပါတယ်” လို့တောင် ပြောခဲ့ပါသေးတယ်။

စကားနဲ့ ရှင်းပြလို့ အကြောင်းမထူးတဲ့နောက်မှာတော့ ယန်ရဲ့ဆရာက ယန်ကို ဘဝအကြောင်း လက်တွေ့သင်ကြားပေးဖို့ သူ့အမေရဲ့ လုပ်ငန်းခွင်ထဲ ခေါ်သွားခဲ့ပါတယ်။သူ့အမေလိုပဲ ယန်ကို မနက် ၄ နာရီကတည်းက အိပ်ယာကနေ နှိုးပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ခိုင်းခဲ့တာပါ။ ယန်က တခြားလုပ်သားတွေနဲ့အတူ သံချောင်းတွေ မ ခဲ့ရပါတယ်။

” မိဘတွေနဲ့အတူ မနေရတော့ ကျွန်တော် အရမ်းပျင်းပြီး ဖုန်းထဲကနေ ဂိမ်းဆော့တာကို အရမ်းစွဲလန်းသွားခဲ့တာပါ။ အခုတော့ မိသားစု စားဝတ်နေရေးအတွက် အမေ ဘယ်လောက် ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်နေရသလဲဆိုတာ ကျွန်တော် သဘောပေါက်သွားပါပြီ။ ဒါကြောင့် စာကြိုးစားပြီး အမေ့ကို ပြန်ပေးဆပ်သွားပါမယ်”လို့ ယန်က ပြောပါတယ်။

ယန်ဟာ ဒီကနေ့ပဲ ကျောင်းပြန်တက်နေပါပြီ။ ယန်ကို လုပ်ငန်းခွင်ထဲ ခေါ်သွားပြီး ဘဝအကြောင်း လက်တွေ့သင်ကြားပေးခဲ့တဲ့ ကျောင်းဆရာကတော့ လူမှုကွန်ရက်ပေါ်မှာ ချီးကျူးခံနေရပါတယ်။ ” ကလေးတွေကို သွန်သင်ဖို့ အသုံးတည့်တဲ့ နည်းစနစ်တစ်ခု ရလိုက်ပါပြီ။ တစ်နေ့ကျရင် ကျွန်တော်လည်း အဲဒီအတိုင်း စမ်းကြည့်ဦးမယ်” လို့ လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က ရေးသားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ လတုန်းကလည်း တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်က ဖခင်တစ်ယောက်ဟာ ပညာမတတ်ရင် အသက်ကြီးလာတဲ့အခါ ဘယ်လောက် ခက်ခဲကြမ်းတမ်းလဲဆိုတာ ပြသဖို့အတွက် သူ့သမီးကို နေပူကျဲတဲမှာ ကြာပန်းစိုက်ဖို့ ၄ နာရီကြာ လက်ဗလာနဲ့ မြေတူးခိုင်းခဲ့ဖူးပါတယ်။

Ref: SCMP ” Chinese teacher makes delinquent student take on construction job to understand how hard his mother works”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top