မိခင်ဖြစ်သူကို အိမ်အသစ်ဝယ်ပေးပြီး ဝမ်းသာပီတိမျက်ရည်ကျစေခဲ့တဲ့ ဒွိန်းဂျွန်ဆင်

7-6-2022-yyl01.jpg

ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးမင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ ဒွိန်းဂျွန်ဆင် (The Rock) ဟာ မိခင်အပေါ် သိတတ်လိမ္မာတဲ့သားတစ်ယောက်ပါ။ သူ့အမေအာတာကို တန်ဖိုးကြီးအရာတွေဝယ်ပေးလေ့ရှိတာကို ပရိသတ်တွေ မြင်တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာက သူ့မိခင်ကို ခရစ္စမတ်လက်ဆောင်အဖြစ် ကားသစ်တစ်စီးဝယ်ပေးခဲ့ပါသေးတယ်။ အခုလည်း သူ့အမေကို အိမ်အသစ်တစ်လုံး ဝယ်ပေးပြန်ပါပြီ။

The Rock က သူ့အမေကို အိမ်အသစ်ဝယ်ပေးပြီး ဝမ်းသာပီတိမျက်ရည်ကျစေခဲ့ပါတယ်။ အရင်ကလည်း သူ့အမေကို အိမ်တွေ ဝယ်ပေးခဲ့ပေမဲ့ ဒီတစ်ခုက ထူးခြားပါတယ်။ သူ့အမေ နောက်ဆုံးထွက်သက်အထိ အေးအေးချမ်းချမ်းနေထိုင်သွားချင်တဲ့အိမ်ဖြစ်တဲ့အတွက် The Rock က ဒီဇိုင်းအဖွဲ့နဲ့ အချိန်ပေးဖန်တီးခဲ့လို့ပါပဲ။ The Rock က သူ့အမေကို အိမ်အသစ်ဝယ်ပေးတာနဲ့ပတ်သက်ပြီး အင်စတာဂရမ်မှာ အခုလိုရေးသားထားပါတယ်။

“ချစ်တယ်အမေ…စပရိုက်၊ ကျွန်တော် ငယ်ငယ်တုန်းက အမေ ငိုမှာကို ကြောက်ခဲ့တယ်။ ဒီရက်ပိုင်းမှာ ကျွန်တော် ပျော်ရွှင်စွာနဲ့ အမေ့ကို ဝမ်းသာမျက်ရည်ကျစေမှာပါ။ ကျွန်တော့်အမေ အံ့အားသင့်သွားအောင် လုပ်ခဲ့တယ်။ ကျွန်တော် သူ့ကို အိမ်အသစ် ဝယ်ပေးခဲ့တယ်။ ဒီအိမ် အဆင်သင့်ဖြစ်ဖို့ ကျွန်တော်နဲ့ ကျွန်တော့်ဒီဇိုင်းက ၈ ပတ်အချိန်ယူခဲ့ရတယ်။ ဒီအိမ်ကို အမေ ပထမဆုံးလာတဲ့အချိန် သူ မြင်သမျှအရာတိုင်းက အသစ်တွေဖြစ်တဲ့အတွက် အံ့ဩသွားခဲ့ရတယ်”

“နှစ်တော်တော်ကြာ အမေ့ကို အိမ်တွေ ဝယ်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော် ကံကောင်းပါတယ်။ ဒါပေမဲ့ ဒီတစ်ခုက သူ ကျွန်တော့်ကို ခဏခဏ ပြောခဲ့သလို ထူးခြားတယ်။ အမေက ‘ဘဝတစ်သက်တာ ခရီးတွေထွက်ပြီးနောက် နောက်ဆုံးထွက်သက်အတွက် ဒီ အိမ်ကို ငါ လိုချင်တယ်။ ဒါက ငါ့အိပ်မက်ပဲ’တဲ့။ အ​မေ…အမေ့ကို ပျော်ရွှင်အောင်လုပ်ပေးတာထက် ပိုကောင်းတဲ့ခံစားချက်မရှိတော့ဘူး။ အိမ်က ကြိုဆိုပါတယ်”

“မင်းမှာ အမေကောင်းတစ်ယောက်ရထားရင် မင်းက ကောင်းမွန်ပြီး ဂရုစိုက်တတ်တဲ့လူသားဖြစ်ပေးရမယ်လို့ ကျွန်နော် အမြဲပြောပါတယ်။ကျွန်တော်တို့ရဲ့အမေတွေကို ကျေးဇူးအများကြီးတင်ပြီး ပျော်ရွှင်အောင် လုပ်ပေးကြရအောင်”သူတို့ရဲ့ဘိုး​ဘေးတွေကို အောက်မေ့တသစွာဂုဏ်ပြုထားတဲ့မိသားစုအခန်းကို မြင်တော့ သူ့အမေ ငိုခဲ့တဲ့ ဗီဒီယိုအတိုလေးကိုလည်း The Rock က အင်စတာဂရမ်မှာ တင်ထားပါတယ်။

အာတာရဲ့အိမ်တွေက သူ့သားရဲ့အသက်မွေးဝမ်းကြောင်းအမှတ်တရတွေသိမ်းဆည်းထားတဲ့ ‘Smackdown Room’ တစ်ခု အမြဲပါတယ်။ သူ့အမေက အခြားသူတွေကို အဲဒီအခန်းပြတဲ့အခါ အမြဲ အနေရခက်သလို ခံစားရတယ်လို့ The Rock က စနောက်ပြောခဲ့ပါတယ်။

The Rock ရဲ့ ရုပ်ရှင်ကားသစ် ၂ ကား ထွက်ဖို့ရှိပါတယ်။ တစ်ကားက ဇူလိုင် ၂၉ ရက်နေ့ ရုံတင်​မယ့် DC League of Super-Pets အန်နီးမေးရှင်းဇာတ်ကားဖြစ်ပြီး အဲ့ဒီကားမှာ အသံသရုပ်ဆောင်ထားပါတယ်။ နောက်တစ်ကား Black Adam ကတော့ အောက်တို ၂၀ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: 8daysSingapore “Dwayne Johnson Surprises His Mother With New House: “Enjoy Your New Home Mom!!”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top