တစ်ပတ်တာ နိုင်ငံတကာသတင်းတို

20170616_large1.jpg

အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်ပေးမယ့် တစ်ပတ်တာ နိုင်ငံတကာသတင်းတို အစီအစဉ်မှာတော့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာပါ။

 

  • အိမ်နီးချင်းနိုင်ငံတွေရဲ့ ဝိုင်းကြဉ်ခြင်း ခံထားရတဲ့ ကာတာနိုင်ငံဟာ ကနဦး အမေရိကန် ဒေါ်လာ ၁၂ ဘီလျံ ပေးချေပြီး အမေရိကန်နိုင်ငံထုတ် F-15 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ အမေရိကန်နဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
  • ဇွန်လ ၁၅ ရက်နေ့ ညနေက တရုတ်နိုင်ငံအရှေ့ပိုင်း ကျင်းဆုပြည်နယ်က မူကြိုကျောင်း အပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူ ၇ဦး သေဆုံးပြီး အနည်းဆုံး လူ ၆၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
  •  မြောက်ကိုရီးယားနိုင်ငံက ဟိုတယ်မှာ ဝါဒဖြန့်တဲ့ ဆိုင်းဘုတ်ကို ခိုးယူဖို့ ကြိုးစားခဲ့ရာကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရတဲ့ အမေရိကန် ကျောင်းသား ဝမ်ဘီယာဟာ ပြန်လည်လွတ်မြောက် လာခဲ့ပါပြီ။ ဒါပေမဲ့ သူ သတိလစ်မေ့မြောနေခဲ့တာ တစ်နှစ်ကျော်ပြီလို့
    သူ့မိသားစုက ပြောပါတယ်။
  • မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဖြစ်ပွားခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံနယ်စပ်မှာ နှစ်ရက်တာကာလအတွင်း အနည်းဆုံး လူ ၁၅၆ ဦးသေဆုံးခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။
  • ကိုလံဘီယာနိုင်ငံ ကာလီမြို့မှာ ဆေးရုံရဲ့ ခြောက်လွှာကနေ သူနာပြုကျောင်းသူ တစ်ဦးပြုတ်ကျခဲ့ပြီး အောက်မှာရှိနေတဲ့ ဆရာဝန်ပေါ်ကို ပိခဲ့ရာမှာ သူနာပြုကျောင်းသ ူက အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ဆရာဝန် သေဆုံးသွားခဲ့တယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြပါတယ်။
  • တိုက်ပွဲဖြစ်ပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှာ သတင်းရယူနေတဲ့ ABC သတင်းဌာနက ဂျာနယ်လစ် အဒမ်ဟာဗေးဟာ ဇက်ကို ကျည်ဆန်ခွံထိမှန်ခဲ့တဲ့ X-ray ဓာတ်ပုံကို တွစ်တာပေါ် ဖော်ပြခဲ့ပါတယ်။
  • မနှစ်တုန်းက ဥရောပမှာ အစ္စလာမ် အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးခံရသူ ၇၁၈ ဦး ရှိခဲ့ပြီး ဒီအရေအတွက်ဟာ သုံးနှစ်ဆက်တိုက် မြင့်တက်လာခဲ့တာလို့ ဥရောပရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC News, Independent

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top