တရုတ်အမျိုးသမီးငယ်များကြား ဆီလီကွန်ကိုယ်ဝန်အတုနဲ့ ဓာတ်ပုံရိုက်တဲ့ Trend ‌ရေပန်းစားနေ

24.12.2024-yyl-1.png

တရုတ်လူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ ရေစီးကြောင်းတစ်ခုကတော့ အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အလှပဆုံး ပုံစံဖြစ်နေအောင် ဆီလီကွန်ကိုယ်ဝန်အတုတွေသုံးပြီး ဓာတ်ပုံရိုက်တင်နေကြတာပါပဲ။ ပြီးခဲ့တဲ့အောက်တိုဘာလက တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ နေထိုင်တဲ့ ဆယ်လီတစ်ဦးဖြစ်သူ မိုင်ဇီဂီဂီက ဆီလီကွန်ကိုယ်ဝန်အတုနဲ့ ဓာတ်ပုံတွေရိုက်ပြီး အားပေးသူ ၅.၇ သန်းရှိတဲ့ သူ့ရဲ့လူမှုကွန်ရက်ပေါ် တင်လိုက်ချိန်မှာ ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အိမ်ထောင်မရှိသေးတဲ့ အမျိုးသမီးငယ်တွေကပါ ကိုယ်ဝန်ဆောင်ချိန် ဓာတ်ပုံရိုက်တဲ့အခါ အလှဆုံးဖြစ်နေအောင် အကြိုပြင်ဆင်မှုအနေနဲ့ ဆီလီကွန်ကိုယ်ဝန်အတုနဲ့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ကြတာပါ။

စနောက်ဖို့၊ လိမ်လည်ဖို့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဆီလီကွန်ဗိုက်သားအတုတွေကို လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက တရုတ်နိုင်ငံမှာ ရောင်းချလာခဲ့တာဖြစ်ပြီး မိုင်ဇီဂီဂီကြောင့် အခုနောက်ပိုင်းမှာ တဟုန်ထိုး အရောင်းသွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဆီလီကွန်ကိုယ်ဝန်အတု ဓာတ်ပုံရိုက်ကူးမှု ခေတ်စားလာပြီးနောက် အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတ်ပုံထဲကအတိုင်း ငယ်ရွယ်နုပျို၊ သွယ်လျလှပအောင် ကြိုးစားလာကြမှာကို စိုးရိမ်ပူပန်လျက်ရှိပါတယ်။

Ref: Chinese Women Take Pregancy Photos with Fake Bellies to Capture Special Moment While Young
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top