ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးမင်းသားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ ဒွိန်းဂျွန်ဆင်

therockfea.jpg

မကြာသေးခင်ကမှ ချစ်သူ လော်ရန် ဟရှီယန် (Lauren Hashian) နဲ့ ရွှေလက်တွဲလိုက်တဲ့ အက်ရှင်မင်းသားကြီး ဒွိန်းဂျွန်ဆင်ဟာ Forbes က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးမင်းသားစာရင်းမှာ ထိပ်ဆုံးက ရပ်တည်လို့နေပါတယ်။ အဲဒီစာရင်းမှာ Marvelရဲ့ ဝင်ငွေအမြင့်ဆုံးဇာတ်ကား”Avengers” ရဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။

အခုလက်ရှိမှာ The Rock ရဲ့အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ The Rock က (၁၂) လကျော်အတောအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ (၈၉.၄) သန်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ၂၀၁၉ခုနှစ်မှာ ဝင်ငွေအမြင့်ဆုံးစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ (၂) နှစ်ကတော့ ဒုတိယနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

သူဟာ ၂၀၁၉ခုနှစ်မှာပဲ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားများစွာရှိပြီး သူ ပါဝင်ထားတဲ့ “Hobbs & Shaws” ဇာတ်ကားက မကြာသေးခင်ကမှ ရုံတင်ပြသခဲ့ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေ အားပေးခဲ့တဲ့ “Jumanji: Welcome to the Jungle”ရဲ့နောက်ဆက်တွဲဇာတ်ကားကလည်း အခုနှစ်အတွင်း ထွက်ရှိမှာဖြစ်ပါတယ်။

The Rock ရဲ့ ဇာတ်ကားတွေကို ကြည့်မယ်ဆိုရင် ဘယ်လောက်တော်တဲ့မင်းသားတစ်ယောက်ဆိုတာကို ပရိသတ်တွေသိကြမှာပါ။ တကယ့်ကို တော်တဲ့ထူးချွန်တဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ဝင်ငွေအမြင့်ဆုံးမင်းသားဖြစ်လာတာ ပရိသတ်တွေအတွက် ထူးဆန်းတော့မယ်မထင်ပါဘူး။ သူက ဇာတ်ကားတွေအပြင် တီဗီဇာတ်လမ်းတွဲ၊ ဂိမ်းရှိုးအစီအစဉ်တွေမှာလည်း ပါဝင်ထားပါသေးတယ်။

၂၀၁၉ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးမင်းသား ထိပ်ဆုံး (၁၀) ယောက်စာရင်းမှာ Marvelရဲ့ စူပါဟီးရိုးမင်းသားကြီး ခရစ်ဟမ်းစ်ဝါ့သ် (Chris Hemsworth) ကလည်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ကျန်တဲ့စူပါဟီးရိုးတွေလည်း ထိပ်ဆုံး (၁၀) ယောက်စာရင်းမှာ ပါဝင်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က ပထမနေရာကို ရရှိခဲ့တဲ့ ဂျော့ကလူနီ (George Clooney) ကတော့ အခုနှစ်မှာတော့ ထိပ်ဆုံး (၁၀) ယောက်စာရင်းထဲကို မဝင်ခဲ့ပါဘူး။ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးမင်းသား ထိပ်ဆုံး (၁၀) ယောက်စာရင်း အပြည့်အစုံကို အောက်မှာ ဖော်ပြပေးထားပါတယ်။

၁ ဒွိန်းဂျွန်ဆင် (Dwayne Johnson) (မေရိကန်ဒေါ်လာ (၈၉.၄) သန်း)

၂ ခရစ်ဟမ်းစ်ဝါ့သ် (Chris Hemsworth) (အမေရိကန်ဒေါ်လာ (၇၆.၄) သန်း)

၃ ရောဘတ် ဒေါင်းနီ ဂျူနီယာ (Robert Downey Jr.) (အမေရိကန်ဒေါ်လာ (၆၆) သန်း)

၄ အက်ရှေး ကူးမား (Akshay Kumar) (အမေရိကန်ဒေါ်လာ (၆၅) သန်း)

၅ ဂျက်ကီချန်း (Jackie Chan) (အမေရိကန်ဒေါ်လာ (၅၈) သန်း)

၆ ဘရက်တလေကူးပါး (Bradley Cooper) (အမေရိကန်ဒေါ်လာ (၅၇) သန်း)

၇ အဒမ်ဆန်ဒလာ (Adam Sandler) (အမေရိကန်ဒေါ်လာ (၅၇) သန်း)

၈ ခရစ်အီဗင် (Chris Evans) (အမေရိကန်ဒေါ်လာ (၄၃.၅) သန်း)

၉ ပေါ့လ် ရက်တ် (Paul Rudd) (အမေရိကန်ဒေါ်လာ (၄၁) သန်း)

၁၀ ဝီလ်စမစ် (Will Smith) (အမေရိကန်ဒေါ်လာ (၃၅) သန်း)

ဒီစာရင်းက ဝင်ငွေအမြင့်ဆုံးဇာတ်ကား “Avengers: Endgame” ထွက်ရှိတဲ့ အချိန် ၂၀၁၈ ဇွန်လ ကနေ ၂၀၁၉ခုနှစ် ဇွန်လအထိ အကြုံးဝင်ပါတယ်။

Ref: AsiaOne “Dwayne Johnson returns to top of Forbes best-paid actor list”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top