Game of Thrones Season (7) ကို ပြန်လည်ခံစားခြင်း

91KwasehsHL._RI_.jpg

Season 7 မှာတော့ ဇာတ်သိမ်းဖို့နီးလာတာနဲ့အညီ ပိုပြီးတော့လည်း ဇာတ်ရှိန်တက်လာပါတယ်။ ဒနဲရိစ်ကတော့ Dragonstone ကိုရောက်လာခဲ့ပါပြီ။ အစမှာကတည်းက အာယာတစ်ယောက် ဝေါ်ဒါဖရေးအယောင်ဆောင်ပြီးတော့ ဖရေးအိမ်တော်တစ်ခုကိုလုံးကို အဆိပ်ခတ်သတ်ပစ်တာနဲ့စထားတာပါ။ အဲဒီနောက်တော့ မြောက်ပိုင်းမြို့ရိုးကို ဘရန်ပြန်ရောက်လာပါတယ်။ ဝင်းတားဖဲလ်မှာတော့ ဂျွန်နဲ့ဆန်ဆာတို့ Night King ရဲ့ဘေးကို ကာကွယ်ဖို့ညှိနှိုင်းရင်း အားလုံးရှေ့မှာ အချေအတင်ဖြစ်ခဲ့ရသေးတယ်။

Season 7 မှာတော့ ဇာတ်သိမ်းဖို့နီးလာတာနဲ့အညီ ပိုပြီးတော့လည်း ဇာတ်ရှိန်တက်လာပါတယ်

ပီတာဘေးလစ်ရှ်ကတော့ ဒါကိုအခွင့်ကောင်းယူပြီး ဆန်ဆာကိုသွေးထိုးပေးနေခဲ့တယ်။ ဆာဆီက ဝင်းတားဖဲလ်က ဂျွန်ကိုအညံ့လာခံဖို့စာပို့လိုက်တယ်။ အရပ်လေးမျက်နှာမှာ ရန်သူတွေဝိုင်းနေတဲ့ဆာဆီကို အူယွန်ဂရေးဂျွိုင်းက Dorne က Sand family တွေ၊ ယာယာဂရေဂျွိုင်းနဲ့ သံကျွန်းကလှေတွေကိုယူလာပေးပြီးတော့ မဟာမိတ်ဖွဲ့ခဲ့တယ်။ ဆမ်ကတော့ Citadel ကိုရောက်ရှိသွားပြီး Maester တစ်ယောက်ဖြစ်ဖို့သင်ယူနေရင်း Greyscale ရောဂါဖြစ်လာလို့ ကုသမှုလာခံယူတဲ့ ဂျော်ရာမော်မွန့်ကို ခွင့်ပြုချက်မပါပဲ စမ်းသပ်ကုသပေးလိုက်ပါတယ်။ ကုသမှုအောင်မြင်သွားတာကြောင့် ဂျော်ရာလည်း ရောဂါပျောက်ကင်းခွင့်ရသွားတယ်။

ဆာဆီကတော့ ဒနဲရိစ်ရဲ့နဂါးတွေကိုရင်ဆိုင်ဖို့ လက်နက်တွေပြင်ဆင်နေပြီး ဂျေမီကိုလည်း မာတယ်အိမ်တော်ကိုသိမ်းဖို့အတွက် စေလွှတ်ခဲ့တယ်

ဆာဆီကတော့ ဒနဲရိစ်ရဲ့နဂါးတွေကိုရင်ဆိုင်ဖို့ လက်နက်တွေပြင်ဆင်နေပြီး ဂျေမီကိုလည်း မာတယ်အိမ်တော်ကိုသိမ်းဖို့အတွက် စေလွှတ်ခဲ့တယ်။ တစ်ဘက်မှာလည်း ဒနဲရိစ်နဲ့တိုင်ရီယွန်တို့က စစ်ရေးအစီအစဉ်တွေချပြီး King’s landing နဲ့ လန်နစ္စတာတို့ရဲ့အိမ်တော် Casterly Rock ကိုသိမ်းပိုက်ဖို့ကြံစည်နေကြတယ်။ မြောက်ပိုင်းမှာတော့ ဂျွန်က Night King အတွက်ပြင်ဆင်တဲ့နေရာမှာ Dragon glass တွေ စစ်ကူတွေရနိုင်ဖို့အတွက် ဒနဲရိစ်ဆင့်ခေါ်ရာ Dragonstone ကို ဆာဒေးဗို့စ်နဲ့အတူထွက်လာခဲ့ပါတယ်။ ဒနဲရိစ်နဲ့ ဂျွန်တွေ့ဆုံချိန်မှာတော့ အစပိုင်းမှာ သဘောတူညီမှုမရခဲ့ဘူး။ ဂျွန်က ဒနဲရိစ်ဆီမှာ သစ္စာခံခိုင်းတာကိုလက်မခံခဲ့သလို ဒနဲရိစ်ကလည်း ဂျွန်ရဲ့ Night King တွေ white walkers တွေကိုလည်း အယုံအကြည်မရှိခဲ့ဘူး။ ဂျေမီက ပြန်သိမ်းပိုက်သွားနိုင်ခဲ့တယ်။ အိုလီနာမာတယ်က မသေခင်မှာ ဂျော်ဖရီကိုသတ်တာသူဖြစ်ကြောင်းဝန်ခံသွားတယ်။

အာယာလည်း ဝင်းတာဖဲလ်ကိုပြန်ရောက်လာပါပြီ။ ဒါကြောင့် ဝင်းတာဖဲလ်မှာ စတာ့ခ်သုံးယောက်ပြန်ဆုံစည်းခွင့်ရခဲ့တယ်။ ဂျွန်စနိုးနဲ့ ဒနဲရိစ်ကတော့ Dragon Stone မှာနေရင်း ရင်းနှီးမှုပိုတိုးလာပါတယ်။ ဒီအချိန်မှာ အူယွန်ဂရေးဂျွိုင်းလက်ထဲက ထွက်ပြေးလာတဲ့ သီယွန်လည်း Dragonstone ကိုရောက်ရှိလာပါတယ်။ ဒနဲရိစ်ကတော့ ဟိုက်ဂါးဒန်းကိုတိုက်ပြီး ရွှေတွေနဲ့ပြန်လာတဲ့ ဂျေမီတို့တပ်ကို နဂါးစီးပြီးတော့ ဒေါ့ရာခီတပ်တွေနဲ့ဝင်တိုက်ပါတယ်။ တိုက်ပွဲမှာ ဂျေမီကို ဘရွန်ကယ်လိုက်တာကြောင့် နှစ်ယောက်လုံး နဂါးလက်ထဲက ကပ်သီလေးလွတ်သွားခဲ့တယ်။

ဂျွန်က ဒနဲရိစ်ဆီမှာ သစ္စာခံခိုင်းတာကိုလက်မခံခဲ့သလို ဒနဲရိစ်ကလည်း ဂျွန်ရဲ့ Night King တွေ white walkers တွေကိုလည်း အယုံအကြည်မရှိခဲ့ဘူး

ဒနဲရိစ်အတွက် အားတက်စရာတစ်ခုကတော့ ဂျော်ရာမော်မွန့်ရောဂါပျောက်ပြီး အမှုထမ်းဖို့ပြန်လာနိုင်ခဲ့တာပါ။ ဘရန်က Night King ချီတက်လာတာကိုမြင်ခဲ့တာကြောင့် ဂျွန်အနေနဲ့ Dragonstone ကနေအမြန်ပြန်ဖို့ဖြစ်လာတယ်။ ဒါပေမဲ့ တိုင်ရီယွန်ရဲ့အကြံပေးချက်ကြောင့် Whight တစ်ကောင်ကိုခေါ်လာပြီး ဆာဆီကိုပြဖို့ သဘောတူခဲ့တယ်။ ဒါကြောင့် Whight တစ်ကောင်ကိုဖမ်းဖို့အတွက် ဂျွန်နဲ့ဂျော်ရာ တို့ မြို့ရိုးအပြင်ဘက်ကိုသွားဖို့ သဘောတူခဲ့ပြီး ဆာဒေးဗို့စ်နဲ့ တိုင်ရီယွန်က ဂျေမီကို ဆာဆီနဲ့တွေ့ဆုံခွင့်ရဖို့ နားချနိုင်အောင် နေပြည်တော်ကိုထွက်သွားတယ်။
တိုင်ရီယွန်က ဂျေမီကို နားဝင်အောင်ပြောနိုင်ခဲ့သလို ဆာဒေးဗို့စ်ကလည်း ဂန်ဒရီကိုပြန်ရှာပြီးခေါ်လာခဲ့တယ်။ မြို့ရိုးအပြင်ထွက်ဖို့အတွက် အဖွဲ့ထဲဂန်ဒရီလည်းတိုးလာခဲ့တယ်။ The Hound နဲ့ Brotherhood of Banners လည်းရောက်ရှိလာခဲ့အတွက် အားလုံးအတူ Whight ဖမ်းဖို့ထွက်သွားကြတယ်။

ဝင်းတားဖဲလ်မှာတော့ ဂျွန်အပေါ်သဘောထားနဲ့ပက်သက်ပြီး ဆန်ဆာနဲ့ အာယာတို့ စိတ်ဝမ်းကွဲလာတယ်။ ပီတာဘေးလစ်ရှ်က ပိုပြီးကြားဝင်သွေးထိုးပေးနေတဲ့အတွက်လည်း ပိုဆိုးလာတယ်။ ဂျွန်တို့ရဲ့ Whight သွားဖမ်းတဲ့အစီအစဉ်မှာလည်း The Dead Army ကြီးနဲ့ဝိုင်းရံခံရလို့ ဒနဲရိစ် နဂါးသုံးကောင်နဲ့လာကယ်ရပါတယ်။ Night King ရဲ့လက်ချက်ကြောင့် နဂါးတစ်ကောင်လည်း သေသွားရတယ်။ ဂျွန်ကတော့ သူ့ရဲ့ဦးလေး ဘန်ဂျန်စတာ့ခ်ကယ်တင်ခဲ့လို့ လွတ်မြောက်လာတယ်။

ဂျွန်က ငြင်းပယ်ခဲ့တာကြောင့် စစ်ပြေငြိမ်းဖို့အစီအစဉ် ဖြစ်မလာတော့ဘူး။ ဒါပေမဲ့လည်း တိုင်ရီယွန်က ဆာဆီကိုဖျောင်းဖျနိုင်ခဲ့တာကြောင့် စိတ်ပြောင်းပြီးသဘောတူခဲ့တယ်

အဲဒီနောက်တော့ ဒနဲရိစ်၊ ဂျွန်၊ ဆာဆီတို့ အားလုံးဆုံစည်းကြပြီး ဆွေးနွေးကြပါတယ်။ ဆာဆီက ဂျွန်ကို သစ္စာခံဖို့တောင်းဆိုခဲ့ပေမယ့် ဂျွန်က ငြင်းပယ်ခဲ့တာကြောင့် စစ်ပြေငြိမ်းဖို့အစီအစဉ် ဖြစ်မလာတော့ဘူး။ ဒါပေမဲ့လည်း တိုင်ရီယွန်က ဆာဆီကိုဖျောင်းဖျနိုင်ခဲ့တာကြောင့်
စိတ်ပြောင်းပြီးသဘောတူခဲ့တယ်။ ဝင်းတာဖဲလ်မှာတော့ ပီတာရဲ့လှည့်စားမှုကို ဆန်ဆာနဲ့အာယာတို့ရိပ်မိသွားကြပြီး ပီတာကိုပဲ သေဒဏ်ပေးလိုက်ပါတယ်။ ဂျွန်နဲ့ ဒနဲရိစ်ကတော့ သင်္ဘောတွေနဲ့အတူ ဝင်းတာဖဲလ်ကိုပြန်လာရင်း လမ်းမှာချစ်ကြိုက်သွားကြတယ်။ ဂျေမီကတော့ ဆာဆီနဲ့ရန်ဖြစ်ပြီး တစ်ကိုယ်တည်းထွက်လာခဲ့တယ်။ ဝင်းတာဖဲလ်ကိုပြန်ရောက်လာတဲ့ ဆမ်ကတော့ ဘရန်နဲ့တွေ့ဆုံပြီးစကားပြောကြရင်း ဂျွန်ဟာ တရားဝင် တာဂေးရီးယန်းတစ်ယောက်ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ နောက်ဆုံးမှာတော့ မြို့ရိုးကို Night King က ဒနဲရိစ်ရဲ့သေသွားတဲ့နဂါးနဲ့ပြန်လာတိုက်ပြီး ဖြိုခွင်းသွားတာနဲ့အဆုံးသတ်ထားပါတယ်။

ဒါကြောင့် Season 7 မှာလည်း အရင်လိုပဲ cliff hanger နဲ့အဆုံးသတ်ထားတာဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ မနက်ဖြန် ဧပြီ (၁၅) ရက်နေ့မှာ ဆက်လက်စောင့်ကြည့်ရအောင်ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top