ထိုင်ဝမ် F4 မင်းသမီး ဘာဘီဆု ကွယ်လွန်သွားခဲ့တာ ၆ လနီးပါးရှိသွားပါပြီ။ အခုဆို ဘာဘီဆုနဲ့ ရုပ်ဆင်တဲ့သူကို လူမှုကွန်ယက်အသုံးပြုသူတွေက တွေ့ထားကြပါတယ်။ အသက် ၂၄ နှစ်အရွယ်တက္ကသိုလ်ကျောင်းသူလေးဟာ သူ ချင်းဟိုင်ပြည်နယ်ကို ခရီးထွက်တဲ့ပုံတွေ တင်ပြီးတဲ့နောက်မှာ ဘာဘီဆုနဲ့ ရုပ်ဆင်လို့ လူသိများသွားခဲ့ပါတယ်။

လူမှုကွန်ယက်မှာ ရီဂူဘီဂူဆိုတဲ့ နာမည်နဲ့ အဲဒီကောင်မလေးကို လူမှုကွန်ယက်အသုံးပြုသူတွေက ဘာဘီဆုနဲ့ တကယ်တူတာပဲ။ အပြိုင်စကြာဝဠာက ဘာဘီရဲ့အခြားဗာရှင်းလို့ပဲလို့ ဆိုလာကြပါတယ်။ လက်ရှိမှာတော့ ရီဂူဘီဂူက Chongqing Medical University မှာ ကျောင်းတက်နေပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အကောင့်ကို ဇူလိုင် ၂၃ ရက်နေ့ကမှ ဖွင့်ခဲ့တာပါ။ သူ့ရဲ့ဖော်လိုဝါက ၂၈၀၀၀ ရှိပြီး ဆက်လက်များပြားလာလို့နေပါတယ်။

ဘာဘီဆုနဲ့ ရုပ်ဆင်လို့ လူသိများလာတာနဲ့ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသူလေးက မင်းသမီးနဲ့ ရုပ်ဆင်တာကို အခွင့်ကောင်းယူပြီး နာမည်ကြီးအောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုထားပါတယ်။ “ကျွန်မ မင်းသမီးရဲ့ပုံစံကို အတုခိုးမယ်ဆိုတဲ့အတွေးမျိုးမရှိခဲ့ပါဘူး။ သူ့နဲ့တူတာကို အသုံးချပြီး ငွေရှာမှာလည်းမဟုတ်ဘူး”လို့ ပြောထားပါတယ်။
Ref: Chongqing Uni Student, 24, Goes Viral For Looking Like Late Barbie Hsu; Says She “Will Not Profit Off” The Actress
WL (ရိုးရာလေး)

