အော်စကာဆုပေးပွဲ တက်ရောက်ခွင့် ၁၀ နှစ်တာ ပိတ်ပင်ခံလိုက်ရတဲ့ ဝီလ်စမစ်

220407192243-01-will-smith-file-032722-super-tease-1.jpg

အခုနှစ် အော်စကာဆုပေးပွဲခမ်းအနားမှာ မင်းသားကြီး ဝီလ်စမစ်က အစီအစဥ်တင်ဆက်သူ ခရစ် ရော့ခ် (Chris Rock) ကို စင်ပေါ်မှာ ပါးရိုက်လိုက်တဲ့အတွက် သူ့ကို နောက် ၁၀ နှစ်အထိ ဆုပေးပွဲတက်ရောက်ခွင့် ပိတ်ပင်လိုက်တယ်လို့ the Academy of Motion Picture Arts & Sciences က ကြေညာခဲ့ပါတယ်။

“၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ ဆုပေးပွဲတက်ရောက်ခွင့် ၁၀ နှစ်တာ ပိတ်ပင်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ပြီး၊ စမစ်ကို အကယ်ဒမီပွဲတွေ (သို့) ပရိုဂရမ်တွေကို လူကိုယ်တိုင် (သို့) အွန်လိုင်းက တက်ရောက်တာတွေကို ခွင့်ပြုတော့မှာမဟုတ်ဘူး။ အကယ်ဒမီဆုအတွက် ကန့်သတ်တာတော့ မပါဝင်ဘူး”လို့ အကယ်ဒမီဥက္ကဌ ဒေးဗစ် ရူဘင် (David Rubin) နဲ့ စီအီးအို ဒွန်း ဟူဆန် (Dawn Hudson) တို့က သောကြာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့တဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စမစ်ဟာ ပြီးခဲ့တဲ့အပတ်က အကယ်ဒမီကနေ နှုတ်ထွက်ကြောင်း ကြေညာပြီးတဲ့နောက်မှာ ဧပြီလ ၁၈ ရက်နေ့ ကျင်းပဖို့စီစဥ်ထားတဲ့ အဲဒီအစည်းအဝေးကို ရှေ့တိုးကျင်းပခဲ့တာပါ။

စမစ်က အော်စကာဆုပေးပွဲဲတက်ရောက်ခွင့် ၁၀နှစ်ပိတ်ပင်ခံရတာနဲ့ပတ်သက်ပြီး လျင်လျင်မြန်မြန်ပဲ တိုတိုတုတ်တုတ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ “အကယ်ဒမီရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လက်ခံပြီးလေးစားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

စင်မြင့်ထက်မှာ ပါးရိုက်တာရဲ့ အကျိုးဆက်ကို ဘာတွေ ဖြစ်သင့်တယ်ဆိုတာတွေ “အငြင်းပွားဖွယ်ရာ” တွေဖြစ်လာပြီးနောက် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ ဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲဟာ ပြီးခဲ့နှစ်က အ​ကောင်းဆုံး​ကြိုးစားလုပ်ဆောင်ခဲ့သူတွေအတွက် ဂုဏ်ပြုချီးမြှင့်မှုတစ်ခုအဖြစ် ရည်ရွယ်ထားပေမဲ့ စမစ် စင်ပေါ်မှာ ပြသခဲ့တဲ့ လက်မခံနိုင်လောက်စရာ အပြုအမူတွေကြောင့် ဒီအခိုက်အတန့်တွေက ဖုံးကွယ်သွားခဲ့တယ်” လို့ အကယ်ဒမီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကျွန်တော်တို့ရဲ့ ရုပ်သံထုတ်လွှင့်မှုအတွင်း အခန်းတွင်း အခြေအနေကို လုံလောက်စွာ မဖြေရှင်းနိုင်ခဲ့ပါဘူး။ အဲဒါအတွက် စိတ်မကောင်းပါဘူး။ ဒါက ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ရဲ့ ဧည့်သည်တွေ၊ ကြည့်ရှုသူတွေနဲ့ အကယ်ဒမီမိသားစုအတွက် စံနမူနာပြဖို့ အခွင့်အရေးတစ်ခုဖြစ်ပြီး၊ မကြုံစဖူးအဖြစ်အပျက်အတွက် ပြင်ဆင်မှုအားနည်းခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီကိစ္စကို “အချိန်နှင့်တပြေးညီ ကိုင်တွယ်ဖြေရှင်းစေလိုတယ်”လို့ ဘုတ်အဖွဲ့က ယခင်ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ စမစ်ရဲ့နှုတ်ထွက်စာက အကယ်ဒမီရဲ့မဲပေးရေးအဖွဲ့မှာ မပါဝင်တော့ဘူးလို့ ဆိုလိုပေမဲ့ အနာဂတ်မှာ စမစ်ကို အော်စကာဆုရဖို့ ဆန်ကာတင်စာရင်းတင်သွင်းခံရတာကနေတော့ တားဆီးသွားမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

စမစ်က အော်စကာဆုပေးပွဲ တက်ရောက်ခွင့်မရတော့ပေမဲ့ အော်စကာဆုအတွက် ဆန်ကာစာရင်းသွင်းခံရနိုင်ပါသေးတယ်။ လုပ်ဆောင်မှုပါဝင်တဲ့ ကျင့်ဝတ်စည်းကမ်းတွေက ဆုအတွက်အရည်အချင်းပြည့်မီမှုနဲ့မသက်ဆိုင်တဲ့အတွက်ကြောင့်လို့သိရပါတယ်။

Ref: CNN “Actor Will Smith banned from attending Oscars for 10 years”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top