Captain America ခရစ်အီဗင်နဲ့ သူကယ်တင်မွေးစားခဲ့တဲ့ခွေးလေးတို့ကြားက ချစ်ခြင်းမေတ္တာ

2-6-2020-yyl-030.jpg

ဇာတ်ကားထဲမှာ ကပ္ပတိန်အမေရိကအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ခရစ်အီဗင်က ခွေးချစ်တတ်တဲ့သူတစ်ယောက်ပါ။ သူ့ခွေးလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ သူ့ချစ်ပရိသတ်တွေ မြင်ဖူးကြမယ်ထင်ပါတယ်။ သူနဲ့ သူ့ခွေးလေးကို မြင်ပြီး ချက်ချင်းပဲ ခွေးမွေးချင်စိတ်ဖြစ်သွားမှာပါ။ ခရစ်အီဗင်နဲ့ သူ့ခွေးလေး ဒေါ့ဂျာကြားက ဇာတ်လမ်းလေးကို စာဖတ်ပရိသတ်တွေ သိအောင် ပြောပြပေးချင်ပါတယ်။

မင်းသား ခရစ်အီဗင်ဆိုတာက အမျိုးသမီးတိုင်း ကြွေနေရတဲ့ယောကျာ်းတစ်ယောက်ပါ။ သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကြောင့်တင်မဟုတ်ပါဘူး။ သူ့ရဲ့ကြင်နာတတ်တဲ့နှလုံးသားကြောင့်ရောပါ။ သူဟာ ဇာတ်ကားထဲမှာမဟုတ်ဘဲ အပြင်မှာ စူပါဟီးရိုးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အရင်တုန်းက ခရစ်အီဗင်က ခရစ် ပရတ်နဲ့အတူ ဆေးရုံမှာ နေမကောင်းဖြစ်နေတဲ့ကလေးတွေဆီ သွားလည်ခဲ့ပြီး ပရဟိတအလုပ်တွေ ဆောင်ရွက်ခဲ့တာပါ။ အဲဒီမွန်မြတ်တဲ့အလုပ်အပြင်ခရစ်အီဗင်လုပ်ခဲ့တဲ့ ကောင်းတဲ့အရာတစ်ခု နောက်ထပ်ရှိပါတယ်။ သူဟာ ခွေးလေးတစ်ကောင်ကို ကယ်တင်ခဲ့ပြီး သူ့ကို ကောင်းတဲ့အရာတွေပဲ ပေးခဲ့တာပါ။ အဲဒီခွေးလေးက သူ့ခွေးလေး ဒေါ့ဂျာပါပဲ။ ဒေါ့ဂျာက သူ့ရဲ့အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းဖြစ်လာခဲ့ပြီး သူ့ကို တော်တော်လေးချစ်ရှာပါတယ်။

သူတို့ရဲ့တွေ့ဆုံမှုက စီစဉ်မထားဘဲ ဖြစ်လာခဲ့တာပါ။ ကပ္ပတိန်အမေရိကဇာတ်ကားကို တိရစ္ဆာန်စောင့်ရှောက်ရေးဂေယာမှာ ရိုက်ကူးနေရင်းနဲ့ ခရစ်အီဗင်က ခွေးလေးတွေကို မြင်ခဲ့ပါတယ်။ သူက အဲဒီခွေးလေးတွေက ဂေယာကလားလို့ မေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာ အခြားခွေးလေးတစ်ကောင်ကို မြင်ခဲ့ပြီး လျှောက်လမ်းကနေ လျှောက်လာခဲ့ပါတယ်။ တကယ်တော့ အဲဒီခွေးလေးက ဂေယာမှာ နေတဲ့ခွေးလေးမဟုတ်ခဲ့ပါဘူး။ အဲဒီခွေးလေးက သူ့နားမှာ နေဖို့ ကြိုးစားနေခဲ့တာပါ။ အဲဒီမှာ ခရစ်အီဗင်သိလိုက်တာက ခွေးလေးဟာ သူ့နဲ့အတူ အိမ်ကို လိုက်ချင်နေတယ်ဆိုတာပါပဲ။ အဲဒါကြောင့်ပဲ အီဗန်က လေလွင့်ခွေးလေး ဒေါ့ဂျာကို မွေးစားဖြစ်ခဲ့ပါတယ်။ သူက ဒေါ့ဂျာနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့နေ့ကို အမြဲတမ်းအမှတ်ရနေစေဖို့ ဗီဒီယိုတောင် ရိုက်ထားခဲ့ပါတယ်။

ဒေါ့ဂျာက ပျော်ရွှင်တတ်တဲ့အလေ့အကျင့်ရှိပါတယ်။ ခရစ်အီဗင်ရဲ့တူမလေးနဲ့ ကစားရတာလည်း ကြိုက်ပါတယ်။ သူတို့အတူတူကစားနေတဲ့အခါတိုင်း ခရစ်အီဗင်ကဗီဒီယိုရိုက်ထားလေ့ရှိပါတယ်။ ခရစ်အီဗင်က သူ့ရဲ့အချိန်တော်တော်များများကို ဒေါ့ဂျာနဲ့ကုန်ဆုံးဖြစ်ပါတယ်။ သူက ခွေးလေးနဲ့ကစားရတာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်သလိုပဲတဲ့။ သူက ဒေါ့ဂျာကို ဘယ်လောက်ချစ်လဲဆိုရင် အတူတူတောင်အိပ်တာပါ။ ဒေါ့ဂျာကလည်း သူ့သခင်ကို ပျော်ရွှင်စရာတွေအများကြီး သယ်ဆောင်လာပေးပါတယ်။ ခရစ်အီဗင်က သူ့ခွေးလေး ဒေါ့ဂျာကို ဘယ်လောက်ချစ်လဲဆိုရင် အင်စတာဂရမ်မှာ ကြည့်ရင်တောင် သိနိုင်ပါတယ်။

Ref: Chris Evans Saved His Dog From a Shelter Like a True Superhero, and They’ve Been Inseparable Ever Since

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top