ပရဟိတအတွက် Walking Challenge လုပ်ပြီး ပေါင် (၈၀,၀၀၀) ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မသန်စွမ်းကောင်လေး

2-6-2020-yyl-026.jpg

မွေးရာပါကိုယ်လက်အင်္ဂါချို့တဲ့နေတဲ့ ကျောင်းသားလေးဟာ ပရဟိတအတွက် ကပ္ပတိန် တွမ် မိုရီ လှုံ့ဆော်ပေးတဲ့မာရသွန်မှာ ပေါင် (၈၀,၀၀၀) ကျော်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသက် (၉) နှစ်သာရှိသေးတဲ့ တိုဘီရက် ဝဲလ်လာကို သူ့ရဲ့မွေးရပ်မြေ ရှက်ဖီးမြို့မှာ ကပ္ပတိန်တိုဘီရက်လို့ နာမည်ပြောင်ပေးထားကြပါတယ်။ သူဟာ ကပ္ပတိန်တွမ်လိုပဲ လမ်းလျှောက်ကိုင်းလေးကိုအသုံးပြုရတာဖြစ်ပြီး အော်တစ်ဇင်ရောဂါသည်လေးဖြစ်ပါတယ်။ တိုဘီရက်က Lockdown မတိုင်ခင်က တစ်နေ့ကို မီတာ (၅၀)သာ လမ်းလျှောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ရက်ပေါင်း (၇၀) ကို ၂၆.၂ မိုင် (၄၂ကီလိုမီတာ) လောက် လျှောက်နိုင်နေပါပြီ။ လူတော်တော်များများက သူ့ကို ဝမ်းပန်းတသာနဲ့ ချီးကျူးနေကြတာပါ။

သူက သူ့နေအိမ်အပြင်ဘက်မှာ လမ်းလျှောက် Challenge တစ်ခုလုပ်ဆောင်ခဲ့တာပါ။ သူ့မိခင်ရုသ် ဂါပတ်တ်က ကျွန်မရဲ့သားလေးအတွက် အရမ်းဂုဏ်ယူတယ်လို့ ဆိုပါတယ်။ တိုဘီရက်စ်က လမ်းလျှောက်Challenge မှာ အစက ပေါင် (၅၀၀) ရဖို့ ရည်မှန်းထားခဲ့ပေမယ့် မယုံကြည်နိုင်လောက်အောင် ပေါင်(၈၀,၀၀၀) ရရှိသွားခဲ့ပါတယ်။ အဲဒီပိုက်ဆံတွေကို တိုဘီရက်စ်တက်နေတဲ့ Paces School နဲ့ Sheffield Children တို့မှာ လှူဒါန်းသွားမှာဖြစ်ပါတယ်။ “မာရသွန်ကို ပြီးမြောက်မယ်လို့ ကျွန်တော်မယုံနိုင်ရပါတယ်။ ဒါက အရမ်းမိုက်တာပဲ။ အိမ်နီးနားချင်းတွေက လက်ခုပ်တီးပြီး ကျွန်တော်တို့ အားပေးကြတာကို ကျွန်တော် ကြိုက်ပါတယ်။ နေ့တိုင်း ပိုပိုပြီးသန်မာလာတာက ကောင်းတဲ့ခံစားချက်ပါပဲ” လို့ သူကိုယ်တိုင် အံ့အားသင့်ရကြောင်း တိုဘီရက်စ်က ဆိုပါတယ်။

အခုဆိုရင် တိုဘီရက်စ်က သူ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက် မရပ်တန့်တော့ဘဲ (၅၀) ကီလိုမီတာ စံချိန်တောင် တင်နိုင်ခဲ့ပြီလို့ ရုသ်က ပြောပါတယ်။ “သားက အရမ်းကြိုးစားခဲ့တာပါ။ တကယ်လည်း ရည်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်” လို့ ရုသ်က ဆိုပါတယ်။ ရဲတွေကတောင် တိုဘီရက်စ်နေထိုင်တဲ့နေရာက လမ်းတွေကိုပိတ်ထားပေးရင်းနဲ့ နောက်ကွယ်မှာပါဝင်ခဲ့ပါတယ်။ သူ့ရဲ့အိမ်နီးနားချင်းတွေကလည်း လှူဒါန်းမှုအတွက် ကြိုးစားနေတဲ့ တိုဘီရက်စ်အတွက် ရောင်စုံအလံနဲ့ ပူဖောင်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ သူ့ကို အိုလံပစ်အားကစားမယ် ဂျက်စီကာအန်နစ် ဟေးလ် နဲ့ ဘောလုံးသမား အက်မီ မော်ဂန် အပါအဝင် အားကစားသမားတော်တော်များများက အပြည့်အဝအားပေးခဲ့ကြပါသေးတယ်။ သူတို့တွေက တိုဘီရက်စ်ကို ကံကောင်းစေဖို့ ဆုတောင်းပေးတဲ့အနေနဲ့ ဗီဒီယိုmessage တွေ ပို့ပေးခဲ့ကြတာပါ။

“သားက မယုံကြည်နိုင်လောက်တဲ့အလုပ်ကို ပြီးမြာက်ခဲ့တယ်။ နေ့တိုင်း တဖြည်းဖြည်းတိုးတက်လာနေတယ်ဆိုတာ ငါ သိပါတယ်” လို့ အက်မီ မော်ဂန်က ပြောပါတယ်။ “သားရဲ့အကြောင်းကို သိရပါတယ်။ သားက ထူးခြားတယ်ဆိုတာကို ပြောချင်ပါတယ်” လို့ ဂျက်စီကာ အန်နစ်ဟေးလ်ကပြောပါတယ်။ တိုဘီရက်စ် ရရှိခဲ့တဲ့ငွေတွေကို COVID-19 တွန်းလှန်နေတဲ့ The Children’s Hospital Charity ကို လှူဒါန်းမှာပါ။ အဲဒီပရဟိတက Paces Schoolကိုလည်း ကူညီပေးသွားမှာဖြစ်ပါတယ်။

Ref: Boy With Celebral Palsy Raises £80,000 For Charity With ‘Captain Tom’ Marathon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top