Oppenheimer ဇာတ်ဝင်ခန်းတစ်ခုအတွက် ဒတ်ချ်စကားလုံးပေါင်း (၃၀၀၀၀) လေ့လာခဲ့ရတဲ့ ခေလီယံ မာဖီ

28.7.23-yyl-10.jpg

အသက် ၄၇ နှစ်အရွယ် မင်းသား ခေလီယံ မာဖီက လက်ရှိ ရုံတင်ပြသနေတဲ့ Oppenheimer ဇာတ်ကားမှာ ဇာတ်ဝင်ခန်းတစ်ခုအတွက် ဒတ်ချ်စကားလုံးပေါင်း ၃၀၀၀၀ ကို လေ့လာသင်ယူခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ သူဟာ ပိန်ပိန်ပါးပါးဖြစ်တဲ့ အော့ပန်ဟိုင်းမားဇာတ်ကောင်ဖြစ်ဖို့အတွက် Diet လည်း လုပ်ခဲ့ရပါတယ်။

Oppenheimer ဇာတ်ကားကို ၅၇ ရက်တည်းနဲ့ ရိုက်ကူးခဲ့တာပေမဲ့ ခေလီယံက ဒီဇာတ်ရုပ်အတွက် ၆ လပြင်ဆင်ခဲ့ရပါတယ်။ အော့ပန်ဟိုင်းမားဇာတ်ကောင်က နိုင်ငံရပ်ခြားက ကျောင်းသားတွေကို စာပို့ချတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းအတွက် ဒတ်ချ်ဘာသာစကားကို လေ့ကျင့်ခဲ့ရပါတယ်။

ဒတ်ချ်ဘာသာစကားအတွက် ရိုက်ကွင်းက အကူအညီတချို့လည်းရခဲ့ပါတယ်။ ဓာတ်ပုံဒါရိုက်တာက ဒတ်ချ်လူမျိုးဖြစ်တဲ့အတွက် သူပြောပေးတဲ့စကားတွေကို ခေလီယံက ဖုန်းနဲ့ အသံသွင်းထားပြီး ပုံမှန်နားထောင်ဖြစ်ခဲ့ပါတယ်။ ဒတ်ချ်ဘာသာစကားကို လေ့ကျင့်ဖို့အတွက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင် အချိန်မကုန်ဖြစ်ခဲ့ဘူး။

ခေလီယံက အားလပ်ရက်မှာတောင် အပြင်မထွက်ဘူးဆိုတာကို သူ့ရဲ့တွဲဖက်သရုပ်ဆောင် ရောဘတ် ဒေါင်းနီ ဂျူနီယာက အခုလိုပြောပါတယ်။ “ကျွန်တော့်အသက်မွေးဝမ်းကြောင်းမှာ ဇာတ်ဆောင်တစ်ယောက်ရဲ့ကြီးမားတဲ့အနစ်နာခံမှုကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ ဟေး…ငါတို့ နားရက် ၃ ရက်ရှိတယ်။ ဆန်တာဖေးကို သွားရင်သွားကြမယ်။ မင်း ဘာလုပ်မလို့လဲလို့ ပြောရင် သူက ဒတ်ချ်စကားလုံး ၃၀၀၀၀ လေ့လာရမယ်။ သာယာတဲ့အချိန်လေးဖြစ်ပါစေ။ ဒါက အလုပ်ရဲ့သဘောသဘာဝပဲတဲ့”

ခေလီယံ ကြိုးစားရကျိုးနပ်တယ်လို့ဆိုရမှာပါပဲ။ Oppenheimer ဇာတ်ကားက Barbie နဲ့အပြိုင် ရုံတင်ပြီး တခဲနက်အားပေးနှစ်ခြိုက်ခံနေရတဲ့ ဇာတ်ကားဖြစ်နေပါတယ်။ ရုံတင်ငွေက ထုတ်လုပ်ရေးကုန်ကျစရိတ်ထက်တောင် ကျော်လွန်နေပါပြီ။

ဒီဇာတ်ကားက ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေခဲ့တဲ့ နျူကလီးယားလက်နက်ကို ဖန်တီးခဲ့တဲ့ ရောဘတ် အော့ပန်ဟိုင်းမားအကြောင်းကို ရိုက်ကူးထားတာပါ။

Ref: Cillian Murphy learned ‘30,000 words of Dutch’ before playing Oppenheimer for a minor detail

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top