စတိုးဆိုင်မှာ ဖက်စ်(fax) ဝင်ပို့ရင်း ထိုင်ဝမ် ငွေပြေစာ ထီဆုကြီး ဆွတ်ခူးခဲ့သူ

28.7.23-yyl-11.jpg

ထိုင်ဝမ်အမျိုးသားတစ်ယောက်က စတိုးဆိုင်မှာ ဖက်စ်(fax) ဝင်ပို့ရင်း ထိုင်ဝမ်ဒေါ်လာ ၁၀ သန်း ကံထူးခဲ့ပါတယ်။ ထိုင်ဝမ်မှာ ၂ လ၊ တစ်ကြိမ် ဖွင့်တဲ့ Taiwan receipt lottery ဆိုတာ ရှိပါတယ်။ ငွေပြေစာ နံပါတ်တွေကို ထီဖွင့်ပေးတာပါ။ စတိုးဆိုင်မှာ ဈေးဝယ်တဲ့အခါ ရရှိလာတဲ့ ငွေပြေစာ နံပါတ်က ကိုယ့်ရဲ့ ထီလက်မှတ်ပါပဲ။

အမည်မဖော်တဲ့ အဲဒီအမျိုးသားဟာ ဇူလိုင်လ ၂၅ ရက်က ထိုင်ဝမ် အနောက်မြောက်ပိုင်း ဆင်ချူးကောင်တီမှာရှိတဲ့ Hi-Life စတိုးဆိုင်မှာ ထိုင်ဝမ်ဒေါ်လာ ၁၅ ဒေါ်လာပဲ သုံးပြီး ဖက်စ် ပို့ခဲ့တာပါ။ သူဟာ (မေလနဲ့ ဇွန်လအတွက် ဖွင့်လှစ်တဲ့ ထီဖွင့်ပွဲမှာ) 29268886 ဆိုတဲ့ ငွေပြေစာ နံပါတ်နဲ့ ထိုင်ဝမ်ဒေါ်လာ ၁၀ သန်း ( မြန်မာငွေ သန်း ၆၇၀ ဝန်းကျင်) ဆု ဆွတ်ခူးခဲ့တာပါ။ ငွေအနည်းဆုံးသုံးပြီး အမြင့်ဆုံးဆုကြီး ကံထူးခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ထိုင်ဝမ်မှာ မ ဂဏန်းလတွေရဲ့ ၂၅ ရက်နေ့ ရောက်တိုင်း ငွေပြေစာ ထီ ဖွင့်လှစ်လေ့ရှိပြီး ကမ္ဘာလှည့်ခရီးသည်တွေအပါအဝင် ဘယ်သူမဆို ဝင်ရောက်ကံစမ်းခွင့်ရတဲ့ ထီအမျိုးအစား ဖြစ်ပါတယ်။

Ref: Man in Taiwan spends 60 cents to send a fax, ends up winning $420k in lottery prize

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top