Rakuten Viber သည် အနာဂတ်ကြယ်ပွင့်လူငယ်များကို မြေတောင်မြှောက်ပေးရန် Myanmar Esports Federation မှ ကျင်းပသည့် Varsity Esports Championship ၏ Official Communication Partner အဖြစ် တရားဝင်ပူးပေါင်းလက်တွဲ

viber1.webp

ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုဖြစ်သော Rakuten Viber နှင့် Myanmar Esports League (MESL) တို့သည် Mobile Legends: Bang Bang နှင့် PUBG Mobile မိုဘိုင်းလ်ဂိမ်း ပြိုင်ပွဲများ ပါဝင်မည့် တက္ကသိုလ်အဆင့် Esports ချန်ပီယံရှစ်ပြိုင်ပွဲ (Varsity Esports Championship – VEC) 2026 အတွက် မဟာဗျူဟာမြောက် လက်တွဲပူးပေါင်းမှုကို တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ VEC 2026 ၏ တရားဝင်ဆက်သွယ်ရေးမိတ်ဖက် (Official Communication Partner) အဖြစ် ဆောင်ရွက်သွားမည့် Rakuten Viber သည် တစ်နိုင်ငံလုံးရှိ Esports ပရိသတ်များ အတူတကွချိတ်ဆက်နိုင်ရန်၊ မိမိတို့ဒေသခံအသင်းများကို ပံ့ပိုးအားပေးရန်နှင့် လူငယ် Esports ဝါသနာရှင်များ နိုင်ငံတော်အဆင့်သို့ တက်လှမ်းမည့်ခရီးစဉ်ကို ဝန်းရံနိုင်ရန် သီးသန့် Viber Channels များကို ဖန်တီးပံ့ပိုးပေးသွားမည်ဖြစ်သည်။
 
VEC 2026 သည် အကြိတ်အနယ်ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခု ဖြစ်ရုံမကဘဲ စနစ်ကျသည့် တက္ကသိုလ်အဆင့် အားကစားယှဉ်ပြိုင်မှုများမှတစ်ဆင့် အနာဂတ်လူငယ်လူရည်ချွန်များကို မြေတောင်မြှောက်ပေးပြီး မြန်မာ့လူငယ် Esports ဂေဟစနစ်၏ အခြေခံအုတ်မြစ်အဖြစ် ဖော်ဆောင်ပေးနေခြင်းဖြစ်သည်။ ဤမျှော်မှန်းချက်နှင့်အညီ ယခုပူးပေါင်းဆောင်ရွက်မှုသည် ကျောင်းသားကစားသမားများနှင့် လူထုအသိုင်းအဝိုင်းကို ပေါင်းကူးချိတ်ဆက်ပေးရန်၊ အဓိပ္ပာယ်ပြည့်ဝသော ချိတ်ဆက်မှုများကို ဖော်ဆောင်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့ဒေသနှင့်ကျောင်းဂုဏ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ‘The Star of the Future’ အနာဂတ်ကြယ်ပွင့်လူငယ်များကို ပံ့ပိုးမြှင့်တင်ပေးသွားမည် ဖြစ်သည်။
 
VEC သည် တက္ကသိုလ်ကျောင်းသားလူငယ်များအတွက်သာ သီးသန့်ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသော ထိပ်တန်းအဆင့် Esports ပြိုင်ပွဲကြီးဖြစ်ပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တက္ကသိုလ်များကို စည်းလုံးညီညွတ်စွာ ချိတ်ဆက်ပေးလျက်ရှိပါသည်။ ၎င်းသည် ကျောင်းအချင်းချင်း အပြုသဘောဆောင်သော ယှဉ်ပြိုင်မှုများမှတစ်ဆင့် ကျောင်းဂုဏ်ဆောင်စိတ်နှင့် နိုင်ငံ့ဂုဏ်ဆောင်မှုတို့ကို မြှင့်တင်ပေးရင်း စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနေသော ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဤပြိုင်ပွဲ၏ ၂၀၂၆ ခုနှစ် ပြိုင်ပွဲရာသီတွင် Season 1 နှင့် Season 2 တို့အတွက် စုစုပေါင်းဆုကြေးငွေ ကျပ်သိန်း ၄၀၀ (၄၀,၀၀၀,၀၀၀) အထိ ပေးအပ်ချီးမြင့်သွားမည်ဖြစ်ပြီး၊ ပွဲစဉ်တိုင်းသည် မြန်မာ့ Esports အသိုင်းအဝိုင်း၏ အနာဂတ်အမွေအနှစ်ကို ခိုင်မာစွာ ဖော်ဆောင်ပေးမည်ဖြစ်သည်။
 
“အခုလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ VEC 2026 ပြိုင်ပွဲတစ်လျှောက်လုံးမှာ ပိုမိုမြန်ဆန်ချောမွေ့တဲ့ ဆက်သွယ်မှုတွေကို ရရှိစေဖို့အတွက် မြန်မာနိုင်ငံရဲ့ အသုံးပြုမှုအများဆုံးနဲ့ ယုံကြည်စိတ်ချရမှုအရှိဆုံး ဆက်သွယ်ရေးပလက်ဖောင်းဖြစ်တဲ့ Rakuten Viber ကို ကျွန်တော်တို့ရဲ့ တရားဝင် ဆက်သွယ်ရေးမိတ်ဖက်အဖြစ် လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ပရိသတ်တွေအနေနဲ့ VEC 2026 ရဲ့ စိတ်လှုပ်ရှားစရာ သတင်းအချက်အလက်နဲ့ နောက်ဆုံးရအခြေအနေတွေကို တစ်နေရာတည်းမှာ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်သလို၊ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားလူငယ်တွေအတွက်လည်း ပိုမိုကောင်းမွန်ပြီး ပိုမိုချိတ်ဆက်မိတဲ့ လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။” ဟု မြန်မာ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်ထက်လင်း က ပြောကြားခဲ့သည်။
 
တရားဝင် ဆက်သွယ်ရေးမိတ်ဖက် ဖြစ်သည့် Rakuten Viber သည် တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပိုမိုနီးကပ်စည်းလုံးစေရန် ရည်ရွယ်ပြီး အပြန်အလှန်ချိတ်ဆက်ပြောဆိုနိုင်သော၊ ပရိသတ်အခြေပြု ဒစ်ဂျစ်တယ်အစီအစဉ်သစ်များကို အောက်ပါအတိုင်း ဖန်တီးယူဆောင်လာပေးသွားမည်ဖြစ်သည်။



MESL နှင့် VEC တို့၏ တရားဝင် Viber Channels များ – ပြိုင်ပွဲအချိန်ဇယားများ၊ မဲခွဲထွက်ပေါ်လာသည့် အသင်းပွဲစဉ်ဇယားများ (Match Brackets)၊ ပြိုင်ပွဲသတင်းများနှင့် တရားဝင်ရလဒ်များကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့် ဆက်သွယ်ရေးဗဟိုချက်အဖြစ် ဆောင်ရွက်သွားမည်။


ရလဒ်ခန့်မှန်းခြင်းနှင့် MVP မဲပေးခြင်းများ – ပရိသတ်များသည် Channel အတွင်း Comment ပေးခြင်းမှတစ်ဆင့် ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား (MVP) များကို တိုက်ရိုက်မဲပေးရွေးချယ်နိုင်မည်ဖြစ်ပြီး၊ သီးသန့်ဆုမဲကံစမ်းခွင့်များ ရရှိနိုင်မည့် ပွဲစဉ်ရလဒ်ခန့်မှန်းခြင်း စိန်ခေါ်မှုများတွင်လည်း ပါဝင်နိုင်သည်။

သီးသန့် ပြိုင်ပွဲအထိမ်းအမှတ် Sticker Packs များ – ပရိသတ်များသည် Chat များအတွင်း ပြိုင်ပွဲအထိမ်းအမှတ် အထူးထုတ် သီးသန့်စတစ်ကာ (Sticker Packs) များ ကို အခမဲ့ရယူ ဒေါင်းလုဒ်ဆွဲနိုင်သည်။
 
“ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲတစ်ခုအတွက်တင် လက်တွဲပူးပေါင်းတာမဟုတ်ဘဲ မြန်မာနိုင်ငံ Esports ကဏ္ဍရဲ့ အနာဂတ်အတွက် လုံခြုံစိတ်ချရပြီး တက်ကြွလှုပ်ရှားသက်ဝင်နေမယ့် လူမှုဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးမယ့် ဂေဟစနစ် ကနေတစ်ဆင့် ပြည်တွင်းက အရည်အချင်းရှိသူတွေကို ပံ့ပိုးမြှင့်တင်ပေးနေတာ ဖြစ်ပါတယ်။ မြန်မာ့ဂိမ်းလောကရဲ့ အသက်သွေးကြောဟာ မိုဘိုင်းလ်ဆက်သွယ်ရေးအပေါ်မှာ အခြေခံပြီး တိုးတက်နေတာဖြစ်တဲ့အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်တွေအနေနဲ့ သူတို့ရဲ့ ပရိသတ်တွေ၊ အားပေးပံ့ပိုးသူတွေနဲ့ ချိတ်ဆက်ပြီး ထူးချွန်ထက်မြက်တဲ့ စွမ်းရည်တွေကို အပြည့်အဝ ဖော်ထုတ်ပြသနိုင်မယ့် အကောင်းဆုံး ဒစ်ဂျစ်တယ်အားကစားကွင်းပြင်တစ်ခုကို ပံ့ပိုးပေးခွင့်ရတဲ့အတွက် Rakuten Viber အနေနဲ့ အလွန်ပဲ ဂုဏ်ယူမိပါတယ်” ဟု Rakuten Viber ၏ Senior Director APAC ဖြစ်သူ Mr. David Tse က ပြောကြားခဲ့သည်။
 
တရားဝင် ပြိုင်ပွဲနောက်ဆုံးရသတင်းများ၊ အချိန်နဲ့တပြေးညီ ရလဒ်များနှင့် တက္ကသိုလ်အလိုက် ရမှတ်အဆင့်ဆင့် များကို အောက်ပါ MESL နှင့် VEC တို့၏ တရားဝင် Viber Community Channels များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MESL ၏ Viber Community Channel – https://vb.me/meslchannel
VEC ၏ Viber Community Channel – https://vb.me/vec_channel
 
ရှေ့ဆက်လက်၍လည်း Rakuten Viber သည် လုံခြုံ၍ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်နိုင်ပြီး ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်လူမှုပတ်ဝန်းကျင်များကို ဖန်တီးပေးခြင်းဖြင့် မြန်မာ့လူငယ်များကို ပံ့ပိုးမြှင့်တင်ပေးသွားမည် ဟူသည့် ရည်မှန်းချက်နှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ ပြည်တွင်းမှ စိတ်အားထက်သန်မှုများနှင့် နိုင်ငံတကာစံနှုန်းများအကြား စဉ်ဆက်မပြတ် ပေါင်းကူးချိတ်ဆက်ပေးခြင်းအားဖြင့် လူမှုပတ်ဝန်းကျင်တိုးတက်စေရန်၊ အပြုသဘောဆောင်သော ပူးပေါင်းပါဝင်မှုများမှတဆင့် ထူးချွန် Esports ကစားသမားများနှင့် ၎င်းတို့၏ ပရိသတ်များကြား အဓိပ္ပာယ်ပြည့်ဝသော ချိတ်ဆက်မှုများကို ဖော်ဆောင်ပေးရင်း Esports ကဲ့သို့သော ရေရှည်တည်တံ့မည့် ဂေဟစနစ်များကို ပံ့ပိုးကူညီပေးရန်၊ အနာဂတ်ကြယ်ပွင့်လူငယ်များပေါ်ထွက်လာစေရန် အစဉ်တစိုက် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top