မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ အကြိုက်တွေ့နိုင်မယ့် သြဂုတ်လအတွက် ဇာတ်ကားအညွှန်းများ

3-1.jpg

အခုနောက်ပိုင်း လူတော်တော်များများက ဖျော်ဖြေရေးလုပ်ငန်းတွေပေါ်မှာ ပိုမိုစိတ်ဝင်စားလာကြတဲ့အတွက် ရသမျိုးစုံပေးနိုင်တဲ့ အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်လမ်းတွေကို မြှင့်တင်နိုင်တဲ့ အခွင့်အရေးကောင်း၊ အချိန်အခါကောင်းတစ်ခု ဖြစ်လာပါတယ်။ အခုတစ်ခေါက်မှာတော့ ကြည့်ရှုသူတွေ အကြိုက်တွေ့နိုင်မယ့် သြဂုတ်လအတွင်း Viu မှာ ထုတ်လွှင့်ပြသပေးသွားမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတွေကို ပရိသတ်တွေအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

လူကြိုက်များခေတ်စားနေတဲ့ The Flower of Evil ကိုရီးယားဇာတ်လမ်းတွဲ

အချစ်နဲ့ ထိတ်လန့်သည်းဖို မတူညီတဲ့ ဇာတ်လမ်းအမျိုးအစားနှစ်ခုပေါင်းစပ်ထားတဲ့ The Flower of Evil ဆိုတဲ့ ကိုရီးယားဇာတ်ကားကို Viu မှာ ၁၀၀% မြန်မာစာတန်းထိုးနဲ့ ပြသပေးနေပါပြီ။ ပါဝင်တဲ့ အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Lee Joon Gi နဲ့ Moon Chae Won တို့ရဲ့ Chemistry မိမှုကြောင့် ဒီဇာတ်ကားလေးက ပိုမိုလူကြိုက်များခေတ်စားခဲ့တာဖြစ်ပါတယ်။ မကောင်းတဲ့ အတိတ်တွေကို ဖုံးကွယ်ပြီး ဇနီးသည် Moon Chae Won ရဲ့ အချစ်ကို ရရှိဖို့ ကြိုးစားနေတဲ့ Lee Joon Gi ကို စုံထောက်ဖြစ်တဲ့ ဇနီးက သူ့ခင်ပွန်းက လူသတ်သမားတစ်ဦးဖြစ်တာကို သတိထားမိလာတဲ့အကြောင်းရိုက်ကူးပြထားတဲ့ စုံထောက်အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဘယ်တော့မှ ရင်မဆိုင်ချင်တဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားကြပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။

နှစ်ပတ်အလို မြန်မာရုပ်ရှင်ဇာတ်ကား

ဒါရိုက်တာဝိုင်း ရိုက်ကူးတင်ဆက်ထားပြီး အကယ်ဒမီမင်းသား၊ မင်းသမီး ကိုးလက်ရဲ့ အားပြိုင်သရုပ်ဆောင်မှုတွေကို မြင်တွေ့နိုင်မယ့် နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကားက လတ်တလော ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။


ဘောလိဝုဒ်စတား Amitabh Bachchan ရဲ့ အအောင်မြင်ဆုံးဇာတ်ကားတစ်ကားဖြစ်တဲ့ Deewaar (Wall)


မြန်မာပရိသတ်တွေက အခုနောက်ပိုင်းမှာ ဘောလိဝုဒ်ရုပ်ရှင်တွေကိုလည်း ကြိုက်နှစ်သက်အားပေးလာကြတာ တွေ့ရတဲ့အတွက် ဘောလိဝုဒ်စတား Amitabh Bachchan ရဲ့ ဇာတ်ကားကောင်းလေးတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ဖခင်ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေကြောင့် သစ္စာဖောက်ခံရတဲ့ ညီအစ်ကိုနှစ်ယောက်က ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ခက်ခက်ခဲခဲနဲ့ ရှင်သန်ရုန်းကန်ကြရင်း တဖြည်းဖြည်းနဲ့ ဥပ‌ဒေနဲ့ မလွတ်ကင်းတာတွေ လုပ်ဆောင်လာကြတဲ့ ဇာတ်လမ်းအကြောင်းလေးကို ရိုက်ကူးပြသထားတာပါ။

The Maid ထိုင်းရုပ်ရှင်ဇာတ်ကား

ထိတ်လန့်ကြောက်မက်ဖွယ် သရဲရုပ်ရှင်ဇာတ်လမ်းများကိုလည်း ပရိသတ်တွေ ကြိုက်နှစ်သက်လေ့ရှိတာကြောင့် The Maid ဆိုတဲ့ ထိုင်း သဘာဝလွန်ဇာတ်ကားလေးကို ပရိသတ်တွေအတွက် ညွှန်းပေးချင်ပါတယ်။ ငယ်ရွယ်တဲ့ အိမ်အကူအမျိုးသမီးတစ်ဦးရဲ့ ညှင်းပန်းနှိပ်စက်ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ ထိတ်လန့်ကြောက်မက်ဖွယ် ထိုင်းဇာတ်ကားကောင်းလေးတစ်ခုပါ။ မိတ်ကပ်အပြင်အဆင်၊ ရိုက်ကူးပြသမှုတွေကြောင့် ပရိတ်သတ်တွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုလို့ ညွှန်းချင်ပါတယ်။
Viu ပရိသတ်တွေအနေနဲ့ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းမှ နောက်ဆုံးထွက် ဇာတ်ကားကောင်းတွေကို ၁၀၀ ရာခိုင်နှုန်းပြည့် မြန်မာစာတန်းထိုးဖြင့် တစ်နေရာတည်းမှာ ကြည့်ရှုနိုင်ပါပြီ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top