ဒုတိယကိုယ်ဝန်လွယ်ထားရတာလား ဆိုပြီး ကောလာဟလသတင်းတွေထွက်နေတဲ့ တရုတ်ထိပ်တန်းမင်းသမီးချော ကျောင်လီယင်

pre.jpg

တရုတ်ထိပ်တန်းမင်းသမီးချော ကျောင်လီယင် အနုပညာနယ်ပယ်မှာ လတော်တော်ကြာ ပျောက်နေခဲ့ပြီးနောက် တရုတ်လူမှုကွန်ယက်မှာ သူ ဒုတိယကိုယ်ဝန်လွယ်ထားတာလားဆိုတဲ့ ကောလာဟလသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

မကြာသေးခင်ကမှ သူဟာ ခင်ပွန်းဖြစ်သူ မင်းသား ဖန်ရှောင်ဖန်နဲ့ ကွာရှင်းပြီး ၅ နှစ်အကြာမှာ ပြန်ပေါင်းနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေခဲ့တာပါ။ သူက ဒုတိယကိုယ်ဝန်ရှိနေတယ်။ သူ့ရဲ့လူမှုကွန်ယက်အကောင့်ကို သေချာကြည့်လိုက်တော့ အနုပညာအလုပ်တွေမလုပ်ဖြစ်တာ ၂၀၂၅ ခုနှစ် မေလက The Dream Maker ရိုက်ပြီးကတည်းက ၁ နှစ်နီးပါးရှိပြီဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ကဆိုရင် လူမှုကွန်ယက်အကောင့်တစ်ခုက ကျောင်လီယင်ကို ဦးထုပ်နဲ့ Mask ကို ဝတ်ပြီး ဆေးရုံတစ်ခုရဲ့မီးယပ်ဌာနကို လာတာမြင်တွေ့ခဲ့တယ်။ ဗိုက်ကလည်း သိသိသာသာလုံးဝိုင်းနေတယ်။ သူ့ရဲ့လက်ထောက်ကလည်း ကလေးတွန်းလှည်းကို တွန်းပြီး ကလေးပစ္စည်းအိတ်တော်တော်များများကို ကိုင်ဆောာင်ထားတယ်လို့ ဆိုထားပါတယ်။

ကိုယ်ဝန်ရှိနေလို့ အနုပညာအလုပ်ကနားထားတယ်ဆိုတဲ့ ကောလာဟလနဲ့ပတ်သက်ပြီး သူ့စတူဒီယိုက မြန်မြန်ဆန်ဆန်ပဲ ငြင်းဆန်ခဲ့ပါတယ်။ ကိုယ်ဝန်ရှိနေသလိုဖြစ်နေတဲ့ဓာတ်ပုံက သူ့ရဲ့ပထမကိုယ်ဝန်အတွင်း ရိုက်ခဲ့တဲ့ ပုံအဟောင်းဖြစ်တယ်။ မကြာသေးခင်က ကျောင်လီယင်က ဆေးရုံကို သွားခဲ့တယ်။ ဒါပေမဲ့ မီးယပ်ဌာနမဟုတ်ဘူး။ ခါးနာတာနဲ့ဆက်စပ်တဲ့ဆေးစစ်မှုကို ခံယူခဲ့တာဖြစ်တယ်။ လက်ထောက်နဲ့ မြင်ခဲ့တဲ့ ကလေးပစ္စည်းနဲ့ ကလေးတွန်းလှည်းကတော့ လက်ထောက်ရဲ့သူငယ်ချင်းပိုင်တဲ့ပစ္စည်းတွေဖြစ်တယ်။ သူ့သူငယ်ချင်းရဲ့ကလေးကို နာရီအနည်းငယ်စောင့်ရှောက်ပေးခဲ့ရတယ်လို့ စတူဒီယိုက ပြောကြားခဲ့ပါတယ်။

ကျောင်လီယင်က အရင်ရိုက်ကူးခဲ့တဲ့ပရောဂျက်တွေအတွင်းရခဲ့တဲ့ ထိခိုက်ဒဏ်ရာတွေကို ပြန်လည်သက်သာဖို့အတွက် အနုပညာအလုပ်ကနေ ခဏနားနေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သားလေးက ၇ နှစ်ရှိပြီး မူလတန်းတက်ကတည်းက သူ့သားကို အပြည့်အဝအချိန်ပေးနေခဲ့တာပါ။ အရင်ကတော့ သားဖြစ်သူက သူ့အဖေ၊ သူ့အဖေဘက်က အဘိုးအဘွားတွေနဲ့ အတူနေထိုင်ဖြစ်ခဲ့တာပါ။

ကျောင်လီယင်နဲ့ ဖန်ရှောင်ဖန်က The Monkey King 3 and The Story of Minglan ဇာတ်ကားတွေမှာ အတူပါဝင်ရင်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ သူတို့လက်ထပ်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ သားဖြစ်သူကို မွေးဖွားခဲ့ပါတယ်။ လက်ထပ်ပြီး ၃ နှစ်အကြာမှာ သူတို့နှစ်ဦးကွာရှင်းခဲ့ကြပါတယ်။

Ref: Zhao Liying Spotted Visiting an Obstetrics Department, Is She Expecting a Second Child?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top