ဒစ်စနေးဇာတ်ကောင် ရက်ပန်ဇယ်လားလို့ထင်မှတ်ရတဲ့ ဆံပင်အရှည်ကြီးပိုင်ဆိုင်ထားသူ

yyl-028.jpg

မိန်းကလေးတော်တော်များများက ဆံပင်ရှည်ကို မြတ်နိုးတတ်ကြပေမဲ့ ဆံပင်အရှည်မထားဖြစ်ခဲ့ကြတဲ့သူတွေရှိကြပါတယ်။ လှပတဲ့ဆံပင်ရှည်ကို ထားဖို့ဆိုတာ ဒီအရာနှစ်ခုကြောင့် မလွယ်ကူလှပါဘူး။ ပထမတစ်ခုက ဆံပင်သန်လာဖို့ ဆံပင်ရှည်လာဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ရပြီး ဆံပင်ကို တော်တော်လေးဂရုစိုက်ရတာပါ။ ဒုတိယတစ်ခုကမျိူးရိုးဗီဇပါ။ ကိုယ်က ဆံပင်အရှည်ထားချင်ပေမဲ့ မိဘရဲ့မျိူးရိုးကိုလိုက်ပြီး ဆံပင်ပါးတာ၊ ကျန်းမာတဲ့ဆံပင်မဖြစ်တာပါပဲ။ စိတ်ရှည်ရှည်နဲ့ ဆံပင်ကို အရှည်ကြီးထားနိုင်တဲ့သူတွေကတော့ ချီးကျူးလောက်စရာပါ။

အဲဒီလို ဆံပင်အရှည်ကြီးထားတဲ့သူတွေထဲမှာ ယူကရိန်းနိုင်ငံက အသက် ၃၄ နှစ်အရွယ် အက်လီနာ ကာရာချန်ကို အမည်ရတဲ့ အမျိုးသမီးလည်းအပါအဝင်ပါပဲ။ သူက ၆ ပေရှိတဲ့ ဆံပင်ရှည်ကို ပိုင်ဆိုင်ထားတဲအတွက် လက်တွေ့ဘဝက ရက်ပန်ဇယ်မင်းသမီးလို့တောင် တင်စားထားကြပါတယ်။

အက်လီနာက အသက် ၅ နှစ်အရွယ်ကတည်းက သူ့အမေရဲ့တိုက်တွန်းမှုကြောင့် ဆံပင်ကို အရှည်ထားခဲ့တာပါ။ နှစ် ၃၀ နီးပါးအထိ သူ့ရဲ့ဆံပင်ကို မညှပ်ခဲ့ပါဘူး။ ဆံပင်က သူ့အရပ်အမြင့် ၅ ပေ ၆ လက်မထက် ကျော်နေပေမဲ့ ဆံပင်ကို ညှပ်မယ်ဆိုတဲ့ စိတ်ကူးတောင်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူက ဒီလိုလှပပြီးရှည်လှတဲ့ဆံပင်ကို အချိန်ယူပြီး ဂရုစိုက်ကပေမဲ့ သူ့ရဲ့ဆံပင်ကို ချစ်မြတ်နိုးတဲ့အတွက် သူ့အတွက် မခက်ခဲဘူးလို့ အက်လီနာက ပြောပါတယ်။

အက်လီနာက သူ့ရဲ့ဆံပင်ကို ကျန်းမာသန်စွမ်းအောင် ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပြီး ဆံသားအာဟာရဖြည့်တဲ့ထုတ်ကုန်တွေကိုသာအသုံးပြုတယ်လို့ ဆိုပါတယ်။ “ကျွန်မ ဘယ်တော့မှမလုပ်ခဲ့တဲ့အရာက ဆံပင်ခြောက်ခံတဲ့စက်နဲ့ ဆံပင်ကို ခြောက်အောင်မလုပ်တာ၊ ကောက်စက်ဖြောင့်စက်တွေကို အသုံးမပြုတာ၊ ဆံပင်စိုနေတုန်း ခေါင်းမဖြီးတာပါပဲ။ တစ်ပတ်ကို တစ်ကြိမ်ခေါင်းလျှော်ပါတယ်။ ဆံပင်ကို အဟာရဖြည့်ပေးတဲ့ ခေါင်းလိမ်းဆီအမျိုးမျိုးကို သုံးပါတယ်။

အဓိကဂရုစိုက်တာက ပရောဖက်ရှင်နယ်ဆန်တဲ့ထုတ်ကုန်တွေပါ။ သစ်သီးခြောက်၊ အစေ့အဆံ၊ အိမ်လုပ်ချိစ်တွေကို အသုံးပြုပါတယ်”လို့ အက်လီနာက ပြောပါတယ်။
ကျန်းမာသန်စွမ်းတဲ့ဆံပင်ရှည်ကို ပိုင်ဆိုင်ချင်တဲ့သူတွေအတွက် သူ့ရဲ့အကြံပေးချက်ကတော့ ဆံပင်ရှည်ကို တကယ်လိုချင်စိတ်ရှိဖို့နဲ့ ချစ်မြတ်နိုးဖို့ဆိုတာပါပဲ။

Ref: The Woman Who Refused To Cut Her Hair Since She Was 5 Is Now 34 Y.O. And Looks Like A Real-Life Rapunzel

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top