ဓာတ်မှန်ကိုကြည့်ပြီး ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးရာမှာ မှတ်ဉာဏ်တုက လူသားဆရာဝန်တွေထက် ပိုတိကျ

yyl-035-1.jpg

ဓာတ်မှန်ကိုကြည့်ပြီး ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးရာမှာ မှတ်ဉာဏ်တုက လူသားဆရာဝန်တွေထက် ပိုပြီးတိကျတယ်လို့ လေ့လာမှုတစ်ရပ်မှာ သုံးသပ်ထားပါတယ်။ Google Health နဲ့ Imperial College London က သုတေသီတွေ ပါဝင်တဲ့ နိုင်ငံတကာအဖွဲ့ဟာ အမျိုးသမီး ၂၉၀၀၀ နီးပါးရဲ့ ဓာတ်မှန်တွေကို ဖတ်နိုင်ဖို့ ကွန်ပျူတာမော်ဒယ်တစ်မျိုး ဒီဇိုင်းဖန်တီးပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ဓာတ်မှန်ဖတ်ရာမှာ အယ်ဂိုရစ်သမ်စနစ်က ဓာတ်မှန်ဆရာဝန် (၆)ယောက်ထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အယ်ဂိုရစ်သမ်စနစ်ဟာ ဆရာဝန်နှစ်ယောက်ပေါင်း အလုပ်လုပ်တာလောက် ကောင်းမွန်ခဲ့ပါတယ်။

အဲဒီအတွက် ရင်သားကင်ဆာ စစ်ဆေးရာမှာ တိုးတက်မှု ရှိလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ လူသားဆရာဝန်တွေက လူနာရဲ့ ကျန်းမာရေးမှတ်တမ်းကို ကြည့်ရှုစစ်ဆေးလေ့ရှိပေမဲ့ မှတ်ဉာဏ်တုကတော့ ဓာတ်မှန်ကိုပဲ ကြည့်ရှုပြီး ရင်သားကင်ဆာ ရှိ၊ မရှိ ဆုံးဖြတ်တာပါ။ ဓာတ်မှန်ဆရာဝန်တစ်ဦးနဲ့ စွမ်းဆောင်ရည်ချင်း နှိုင်းယှဉ်ကြည့်ရင် ဓာတ်မှန်မှာ ရင်သားကင်ဆာရှိတယ်လို့ မှားယွင်းဖော်ပြမှု ဖြစ်ရပ်တွေကို ၁.၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာရှိနေပေမဲ့ မရှိဘူးလို့ မှားယွင်းဆုံးဖြတ်တာကို ၂.၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလေ့လာမှုကို Nature စာစောင်မှာ ဖော်ပြခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top