၉ နှစ်အတွင်း ပထမဆုံးအကြိမ် ကလေးမွေးဖွားနှုန်း မြင့်တက်လာတဲ့ တောင်ကိုရီးယား

22.1.2025-yyl-1.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ လက်ထပ်ပွဲတွေ ပြန်လည်ကျင်းပခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံမှာ ၉ နှစ်အတွင်း ပထမဆုံးအကြိမ် ကလေးမွေးဖွားနှုန်း ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနည်းဆုံးနိုင်ငံစာရင်း ဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ၈ နှစ်ဆက်တိုက် ကလေးမွေးဖွားမှုနှုန်း ကျဆင်းခဲ့တာပါ။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလကြား မှတ်တမ်းအရ ကလေးမွေးဖွားမှု ၂၂၀၀၉၄ ဦး ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဇန်နဝါရီလ ၂၂ ရက်မှာ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း အများဆုံးဖြစ်ခဲ့ပါတယ်။

Ref: South Korea’s birth rate set to rise for the first time in nine years
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top